시편 2편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 12절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ | Why do the heathen rage, and the people imagine a vain thing? |
| 2 | လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊ | The kings of the earth set themselves, and the rulers take counsel together, against the Lord, and against his anointed, saying, |
| 3 | သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ၏။ | Let us break their bands asunder, and cast away their cords from us. |
| 4 | ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏။ | He that sitteth in the heavens shall laugh: the Lord shall have them in derision. |
| 5 | ထိုအခါအမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော် မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည်။ | Then shall he speak unto them in his wrath, and vex them in his sore displeasure. |
| 6 | ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည်။ | Yet have I set my king upon my holy hill of Zion. |
| 7 | ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။ | I will declare the decree: the Lord hath said unto me, Thou art my Son; this day have I begotten thee. |
| 8 | ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။ | Ask of me, and I shall give thee the heathen for thine inheritance, and the uttermost parts of the earth for thy possession. |
| 9 | သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။ | Thou shalt break them with a rod of iron; thou shalt dash them in pieces like a potter’s vessel. |
| 10 | သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။ | Be wise now therefore, O ye kings: be instructed, ye judges of the earth. |
| 11 | ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှု တော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့။ | Serve the Lord with fear, and rejoice with trembling. |
| 12 | သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။ | Kiss the Son, lest he be angry, and ye perish from the way, when his wrath is kindled but a little. Blessed are all they that put their trust in him. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL