호세아 10장 Judson (1835)
Judson (1835) · 미얀마어 · 호세아 (Hosea) · 15절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ဣသရေလသည် အသီးများစွာ သီးသော စပျစ် နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသော ရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။ | Israel is an empty vine, he bringeth forth fruit unto himself: according to the multitude of his fruit he hath increased the altars; according to the goodness of his land they have made goodly images. |
| 2 | သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည်။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။ | Their heart is divided; now shall they be found faulty: he shall break down their altars, he shall spoil their images. |
| 3 | ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သော ကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဘို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ခြင်း ဆိုရကြမည်။ | For now they shall say, We have no king, because we feared not the Lord; what then should a king do to us? |
| 4 | သူတို့ ကျိန်ဆိုသော စကားသည် စကားသက် သက်ဖြစ်၍၊ မိဿဟာယဖွဲ့သောအခါ မုသာစကားကို သာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့် မည်။ | They have spoken words, swearing falsely in making a covenant: thus judgment springeth up as hemlock in the furrows of the field. |
| 5 | ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ် အဘို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအ တွက် သူ၏တကာတို့သည် ငိုကြွေးမြည်တမ်း၍၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူ ကား၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊ | The inhabitants of Samaria shall fear because of the calves of Beth–aven: for the people thereof shall mourn over it, and the priests thereof that rejoiced on it, for the glory thereof, because it is departed from it. |
| 6 | နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီး လျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည် မိမိအကြံ အစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။ | It shall be also carried unto Assyria for a present to king Jareb: Ephraim shall receive shame, and Israel shall be ashamed of his own counsel. |
| 7 | ရှမာရိသည် ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ်၏။ | As for Samaria, her king is cut off as the foam upon the water. |
| 8 | ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင်များ တို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။ | The high places also of Aven, the sin of Israel, shall be destroyed: the thorn and the thistle shall come up on their altars; and they shall say to the mountains, Cover us; and to the hills, Fall on us. |
| 9 | ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ ကြီး၏။ ထိုမြို့၌ ရပ်နေ ကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။ | O Israel, thou hast sinned from the days of Gibeah: there they stood: the battle in Gibeah against the children of iniquity did not overtake them. |
| 10 | ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမ မည်။ သူတို့ အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသော အခါ၊ သူတို့တဘက်၌ လူများစည်းဝေးရကြလိမ့်မည်။ | It is in my desire that I should chastise them; and the people shall be gathered against them, when they shall bind themselves in their two furrows. |
| 11 | ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့်၊ ဧဖရိမ်သည် ကခြင်းကို ခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည်။ | And Ephraim is as an heifer that is taught, and loveth to tread out the corn; but I passed over upon her fair neck: I will make Ephraim to ride; Judah shall plow, and Jacob shall break his clods. |
| 12 | ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေး သော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။ | Sow to yourselves in righteousness, reap in mercy; break up your fallow ground: for it is time to seek the Lord, till he come and rain righteousness upon you. |
| 13 | သင်တို့သည် ဒုစရိုက်မျိုးစေ့ကို ကြဲလို၍ လယ် ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသာ အသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံ စည်ပြုမူခြင်းကို၎င်း၊ ကိုယ်၌ များစွာသော သူရဲတို့ကို၎င်း ကိုးစားတတ်၏။ | Ye have plowed wickedness, ye have reaped iniquity; ye have eaten the fruit of lies: because thou didst trust in thy way, in the multitude of thy mighty men. |
| 14 | ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။ | Therefore shall a tumult arise among thy people, and all thy fortresses shall be spoiled, as Shalman spoiled Beth–arbel in the day of battle: the mother was dashed in pieces upon her children. |
| 15 | ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များ ကြောင့် သင်တို့၌ ပြုလိမ့်မည်။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်း ကွယ်ပျောက်ရလိမ့်မည်။ | So shall Beth–el do unto you because of your great wickedness: in a morning shall the king of Israel utterly be cut off. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL