호세아 11장 Judson (1835)
Judson (1835) · 미얀마어 · 호세아 (Hosea) · 12절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ဣသရေလသည် အသက်ငယ်သောအခါ ငါ သည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။ | When Israel was a child, then I loved him, and called my son out of Egypt. |
| 2 | သူတို့ကို ခေါ်သော သူတို့ထံမှ ထွက်သွားကြ၏။ ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။ | As they called them, so they went from them: they sacrificed unto Baalim, and burned incense to graven images. |
| 3 | ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ် အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲ နေ၏။ | I taught Ephraim also to go, taking them by their arms; but they knew not that I healed them. |
| 4 | လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဖြည်းညှင်းစွာ ကျွေး၏။ | I drew them with cords of a man, with bands of love: and I was to them as they that take off the yoke on their jaws, and I laid meat unto them. |
| 5 | အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့်၊ အဲဂုတ္တုပြည်သို့ ပြန်၍မသွားရ။ အာရှုရိ မင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ | He shall not return into the land of Egypt, but the Assyrian shall be his king, because they refused to return. |
| 6 | ထားဘေးသည် သူ့နေရာမြို့တို့ အပေါ်သို့ ရောက်၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့ ကြံစည်ခြင်း အားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည်။ | And the sword shall abide on his cities, and shall consume his branches, and devour them, because of their own counsels. |
| 7 | ငါ၏လူတို့သည် ငါ့ထံမှ လွှဲမြဲလွှဲကြ၏။ အမြင့် ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို။ | And my people are bent to backsliding from me: though they called them to the most High, none at all would exalt him. |
| 8 | အိုဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း။ အိုဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင် မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင် မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာ သော စိတ်ရှိ၏။ | How shall I give thee up, Ephraim? how shall I deliver thee, Israel? how shall I make thee as Admah? how shall I set thee as Zeboim? mine heart is turned within me, my repentings are kindled together. |
| 9 | ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ်မဖျက်ဆီးလို။ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသော မြို့သားမဟုတ် သော်လည်း၊ သင်တို့တွင်နေ၍ သန့်ရှင်းသော ဘုရား ဖြစ်၏။ | I will not execute the fierceness of mine anger, I will not return to destroy Ephraim: for I am God, and not man; the Holy One in the midst of thee: and I will not enter into the city. |
| 10 | သူတို့သည် ထာဝရဘုရား၏နောက်တော်သို့ လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက် မျက်နှာမှအလျင်အမြန် ပြေးကြလိမ့်မည်။ | They shall walk after the Lord: he shall roar like a lion: when he shall roar, then the children shall tremble from the west. |
| 11 | စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှ၎င်း၊ ချိုးကဲ့သို့ အာရှု ရိပြည်မှ၎င်း အလျင်အမြန်ပြေးကြ၍၊ သူတို့ကို နေရင်း အရပ်၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ | They shall tremble as a bird out of Egypt, and as a dove out of the land of Assyria: and I will place them in their houses, saith the Lord. |
| 12 | ဧဖရိမ်သည် မုသာစကားနှင့်၎င်း၊ ဣသရေလ သည် လှည့်စားခြင်းနှင့်၎င်း ငါ့ကို နှောင့်ရှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့် တော်မူသော ဘုရားသခင့်ထံမှ လွှဲ၍ လှည့်လည်တတ်၏။ | Ephraim compasseth me about with lies, and the house of Israel with deceit: but Judah yet ruleth with God, and is faithful with the saints. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL