욥기 39장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 30절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။ | Knowest thou the time when the wild goats of the rock bring forth? or canst thou mark when the hinds do calve? |
| 2 | ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။ | Canst thou number the months that they fulfil? or knowest thou the time when they bring forth? |
| 3 | သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။ | They bow themselves, they bring forth their young ones, they cast out their sorrows. |
| 4 | သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။ | Their young ones are in good liking, they grow up with corn; they go forth, and return not unto them. |
| 5 | တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ | Who hath sent out the wild ass free? or who hath loosed the bands of the wild ass? |
| 6 | တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။ | Whose house I have made the wilderness, and the barren land his dwellings. |
| 7 | မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။ | He scorneth the multitude of the city, neither regardeth he the crying of the driver. |
| 8 | တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။ | The range of the mountains is his pasture, and he searcheth after every green thing. |
| 9 | ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။ | Will the unicorn be willing to serve thee, or abide by thy crib? |
| 10 | ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။ | Canst thou bind the unicorn with his band in the furrow? or will he harrow the valleys after thee? |
| 11 | ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။ | Wilt thou trust him, because his strength is great? or wilt thou leave thy labour to him? |
| 12 | သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။ | Wilt thou believe him, that he will bring home thy seed, and gather it into thy barn? |
| 13 | ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။ | Gavest thou the goodly wings unto the peacocks? or wings and feathers unto the ostrich? |
| 14 | သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။ | Which leaveth her eggs in the earth, and warmeth them in dust, |
| 15 | သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။ | And forgetteth that the foot may crush them, or that the wild beast may break them. |
| 16 | သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။ | She is hardened against her young ones, as though they were not hers: her labour is in vain without fear; |
| 17 | အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကိုပေးတော်မမူ။ | Because God hath deprived her of wisdom, neither hath he imparted to her understanding. |
| 18 | သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။ | What time she lifteth up herself on high, she scorneth the horse and his rider. |
| 19 | သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။ | Hast thou given the horse strength? hast thou clothed his neck with thunder? |
| 20 | ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။ | Canst thou make him afraid as a grasshopper? the glory of his nostrils is terrible. |
| 21 | လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။ | He paweth in the valley, and rejoiceth in his strength: he goeth on to meet the armed men. |
| 22 | ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။ | He mocketh at fear, and is not affrighted; neither turneth he back from the sword. |
| 23 | သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။ | The quiver rattleth against him, the glittering spear and the shield. |
| 24 | မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။ | He swalloweth the ground with fierceness and rage: neither believeth he that it is the sound of the trumpet. |
| 25 | တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။ | He saith among the trumpets, Ha, ha; and he smelleth the battle afar off, the thunder of the captains, and the shouting. |
| 26 | သင်ပေးသော ဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။ | Doth the hawk fly by thy wisdom, and stretch her wings toward the south? |
| 27 | သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ | Doth the eagle mount up at thy command, and make her nest on high? |
| 28 | သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။ | She dwelleth and abideth on the rock, upon the crag of the rock, and the strong place. |
| 29 | ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။ | From thence she seeketh the prey, and her eyes behold afar off. |
| 30 | သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။ | Her young ones also suck up blood: and where the slain are, there is she. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL