욥기 27장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 23절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊ | Moreover Job continued his parable, and said, |
| 2 | ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊ | As God liveth, who hath taken away my judgment; and the Almighty, who hath vexed my soul; |
| 3 | ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊ | All the while my breath is in me, and the spirit of God is in my nostrils; |
| 4 | တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။ | My lips shall not speak wickedness, nor my tongue utter deceit. |
| 5 | သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။ | God forbid that I should justify you: till I die I will not remove mine integrity from me. |
| 6 | ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။ | My righteousness I hold fast, and will not let it go: my heart shall not reproach me so long as I live. |
| 7 | ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။ | Let mine enemy be as the wicked, and he that riseth up against me as the unrighteous. |
| 8 | အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။ | For what is the hope of the hypocrite, though he hath gained, when God taketh away his soul? |
| 9 | ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။ | Will God hear his cry when trouble cometh upon him? |
| 10 | ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။ | Will he delight himself in the Almighty? will he always call upon God? |
| 11 | ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။ | I will teach you by the hand of God: that which is with the Almighty will I not conceal. |
| 12 | သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။ | Behold, all ye yourselves have seen it; why then are ye thus altogether vain? |
| 13 | လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊ | This is the portion of a wicked man with God, and the heritage of oppressors, which they shall receive of the Almighty. |
| 14 | သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။ | If his children be multiplied, it is for the sword: and his offspring shall not be satisfied with bread. |
| 15 | သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။ | Those that remain of him shall be buried in death: and his widows shall not weep. |
| 16 | သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊ | Though he heap up silver as the dust, and prepare raiment as the clay; |
| 17 | ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။ | He may prepare it, but the just shall put it on, and the innocent shall divide the silver. |
| 18 | သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။ | He buildeth his house as a moth, and as a booth that the keeper maketh. |
| 19 | ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။ | The rich man shall lie down, but he shall not be gathered: he openeth his eyes, and he is not. |
| 20 | ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။ | Terrors take hold on him as waters, a tempest stealeth him away in the night. |
| 21 | အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။ | The east wind carrieth him away, and he departeth: and as a storm hurleth him out of his place. |
| 22 | ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။ | For God shall cast upon him, and not spare: he would fain flee out of his hand. |
| 23 | လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။ | Men shall clap their hands at him, and shall hiss him out of his place. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL