욥기 28장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 28절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။ | Surely there is a vein for the silver, and a place for gold where they fine it. |
| 2 | သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။ | Iron is taken out of the earth, and brass is molten out of the stone. |
| 3 | လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။ | He setteth an end to darkness, and searcheth out all perfection: the stones of darkness, and the shadow of death. |
| 4 | တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။ | The flood breaketh out from the inhabitant; even the waters forgotten of the foot: they are dried up, they are gone away from men. |
| 5 | မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။ | As for the earth, out of it cometh bread: and under it is turned up as it were fire. |
| 6 | သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။ | The stones of it are the place of sapphires: and it hath dust of gold. |
| 7 | အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။ | There is a path which no fowl knoweth, and which the vulture’s eye hath not seen: |
| 8 | ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။ | The lion’s whelps have not trodden it, nor the fierce lion passed by it. |
| 9 | လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။ | He putteth forth his hand upon the rock; he overturneth the mountains by the roots. |
| 10 | ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။ | He cutteth out rivers among the rocks; and his eye seeth every precious thing. |
| 11 | စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။ | He bindeth the floods from overflowing; and the thing that is hid bringeth he forth to light. |
| 12 | သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဉာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။ | But where shall wisdom be found? and where is the place of understanding? |
| 13 | ဉာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။ | Man knoweth not the price thereof; neither is it found in the land of the living. |
| 14 | နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။ | The depth saith, It is not in me: and the sea saith, It is not with me. |
| 15 | ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။ | It cannot be gotten for gold, neither shall silver be weighed for the price thereof. |
| 16 | ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။ | It cannot be valued with the gold of Ophir, with the precious onyx, or the sapphire. |
| 17 | ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။ | The gold and the crystal cannot equal it: and the exchange of it shall not be for jewels of fine gold. |
| 18 | သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။ | No mention shall be made of coral, or of pearls: for the price of wisdom is above rubies. |
| 19 | ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။ | The topaz of Ethiopia shall not equal it, neither shall it be valued with pure gold. |
| 20 | သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။ | Whence then cometh wisdom? and where is the place of understanding? |
| 21 | အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။ | Seeing it is hid from the eyes of all living, and kept close from the fowls of the air. |
| 22 | အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။ | Destruction and death say, We have heard the fame thereof with our ears. |
| 23 | ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ | God understandeth the way thereof, and he knoweth the place thereof. |
| 24 | ပညာနေရာအရပ်ကို သိတော်မူ၏။ | For he looketh to the ends of the earth, and seeth under the whole heaven; |
| 25 | လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။ | To make the weight for the winds; and he weigheth the waters by measure. |
| 26 | မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊ | When he made a decree for the rain, and a way for the lightning of the thunder: |
| 27 | ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။ | Then did he see it, and declare it; he prepared it, yea, and searched it out. |
| 28 | လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။ | And unto man he said, Behold, the fear of the Lord, that is wisdom; and to depart from evil is understanding. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL