요한복음 17장 Judson (1835)
Judson (1835) · 미얀마어 · 요한복음 (John) · 26절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။ | These words spake Jesus, and lifted up his eyes to heaven, and said, Father, the hour is come; glorify thy Son, that thy Son also may glorify thee: |
| 2 | ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေ ခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင်အညီ၊ သားတော် သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။ | As thou hast given him power over all flesh, that he should give eternal life to as many as thou hast given him. |
| 3 | ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိုကျွမ်းခြင်းတည်း။ | And this is life eternal, that they might know thee the only true God, and Jesus Christ, whom thou hast sent. |
| 4 | အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။ | I have glorified thee on the earth: I have finished the work which thou gavest me to do. |
| 5 | အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြောက်တော်မူပါ၏။ | And now, O Father, glorify thou me with thine own self with the glory which I had with thee before the world was. |
| 6 | ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။ | I have manifested thy name unto the men which thou gavest me out of the world: thine they were, and thou gavest them me; and they have kept thy word. |
| 7 | အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ၏။ | Now they have known that all things whatsoever thou hast given me are of thee. |
| 8 | အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့ သည် ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။ | For I have given unto them the words which thou gavest me; and they have received them, and have known surely that I came out from thee, and they have believed that thou didst send me. |
| 9 | သူတို့အဘို့အလို့ငှါ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့အဘို့အလို့ငှါ ဆုတောင်း ပါ၏။ | I pray for them: I pray not for the world, but for them which thou hast given me; for they are thine. |
| 10 | အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင် သောအရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှား ပါ၏။ | And all mine are thine, and thine are mine; and I am glorified in them. |
| 11 | ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ရှိရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝ တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။ | And now I am no more in the world, but these are in the world, and I come to thee. Holy Father, keep through thine own name those whom thou hast given me, that they may be one, as we are. |
| 12 | အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါ ပြီ။ အကျွန်ုပ်အား ပေးတော်မသောသူတို့ကို အကျွန်ုပ်စောင်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သား တ ယောက်မှတပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ၊ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်း ကား၊ ကျမ်းစာပြည့်စုံမည်အကြောင်းတည်း။ | While I was with them in the world, I kept them in thy name: those that thou gavest me I have kept, and none of them is lost, but the son of perdition; that the scripture might be fulfilled. |
| 13 | ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။ | And now come I to thee; and these things I speak in the world, that they might have my joy fulfilled in themselves. |
| 14 | ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။ | I have given them thy word; and the world hath hated them, because they are not of the world, even as I am not of the world. |
| 15 | ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်း သော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။ | I pray not that thou shouldest take them out of the world, but that thou shouldest keep them from the evil. |
| 16 | အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။ | They are not of the world, even as I am not of the world. |
| 17 | ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။ | Sanctify them through thy truth: thy word is truth. |
| 18 | ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။ | As thou hast sent me into the world, even so have I also sent them into the world. |
| 19 | သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ၏။ | And for their sakes I sanctify myself, that they also might be sanctified through the truth. |
| 20 | ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။ | Neither pray I for these alone, but for them also which shall believe on me through their word; |
| 21 | ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထို သူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။ | That they all may be one; as thou, Father, art in me, and I in thee, that they also may be one in us: that the world may believe that thou hast sent me. |
| 22 | ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍၊ | And the glory which thou gavest me I have given them; that they may be one, even as we are one: |
| 23 | ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတဝတည်းဖြစ်၍၊ တလုံး တဝတည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ် တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။ | I in them, and thou in me, that they may be made perfect in one; and that the world may know that thou hast sent me, and hast loved them, as thou hast loved me. |
| 24 | အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။ | Father, I will that they also, whom thou hast given me, be with me where I am; that they may behold my glory, which thou hast given me: for thou lovedst me before the foundation of the world. |
| 25 | တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ၏။ | O righteous Father, the world hath not known thee: but I have known thee, and these have known that thou hast sent me. |
| 26 | ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှါ၎င်း၊ အကျွန်ုပ်သည် သူ တို့၌ရှိစေခြင်းငှါ၎င်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွတ်တော်မူ၏။ | And I have declared unto them thy name, and will declare it: that the love wherewith thou hast loved me may be in them, and I in them. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL