로그인

요나 2장 Judson (1835)

Judson (1835) · 미얀마어 · 요나 (Jonah) · 10절

  1. 1 ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိ ဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူ မူကား၊
  2. 2 ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရ ဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။
  3. 3 ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ် ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။
  4. 4 ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
  5. 5 ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရ ပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။
  6. 6 တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေ ကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့် မည်။
  7. 7 အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။
  8. 8 မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။
  9. 9 အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
  10. 10 ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့် တော်ကို ခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗