로그인

시편 48편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 14절

  1. 1 ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ၏။
  2. 2 မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာ မင်းကြီး၏ မြို့တော်သည် တည်၏။
  3. 3 ထိုမြို့၏ ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံ ရသည်ကို သိရ၏။
  4. 4 ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွား ကြ၏။
  5. 5 မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။
  6. 6 ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက်၍ သားဘွားသောမိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
  7. 7 တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ၏။
  8. 8 ငါတို့သည် ကြားဘူးသည်အတိုင်း၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏ မြို့တော်၌တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော် ကို အစဉ်အမြဲတည်စေတော်မူမည်။
  9. 9 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော် ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။
  10. 10 အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ၊ ဂုဏ်အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာလက်တော်သည် ဖြောင့် မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။
  11. 11 တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။
  12. 12 သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်းမြို့ကိုပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။
  13. 13 ရင်တားတို့ကို မှတ်၍ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။
  14. 14 အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗