시편 138편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 8절
- 1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်း ဆိုပါ မည်။
- 2 သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ဂတိတော် ကိုသိတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
- 3 အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင် တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
- 4 အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်း တို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
- 5 ထာဝရဘုရား၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရ ဘုရားသည် ဘုန်းကြီးတော်မူ၏။
- 6 ထာဝရဘုရားသည် မြင့်မြတ်တော်မူသော် လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။
- 7 အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူတို့ ၏အမျက်ဒေါသကို ဆီးတား၍၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
- 8 ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော် မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗