로그인

시편 137편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 9절

  1. 1 ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
  2. 2 ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့၌ ဆွဲထားကြ၏။
  3. 3 အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်း သွားချုပ်ထားသော သူနှင့်၊ ငါတို့ကိုညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်းဆိုသံကို ၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါ သည်တကား။
  4. 4 တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။
  5. 5 အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ျာ လက်သည် မိမိအတတ်ကိုမေ့ပါစေ။
  6. 6 သင့်ကိုငါမအောက်မေ့၊အမြတ်ဆုံးသော ဝမ်း မြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ် မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ထပ်ပါစေ။
  7. 7 အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏နေ့ရက် အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ။
  8. 8 ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင် သည် ငါတို့၌ ပြုသည်အတိုင်း၊ သင်၌အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ၏။
  9. 9 သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သော သူသည် မင်္ဂလာရှိ၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗