시편 136편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 26절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ | O give thanks unto the Lord; for he is good: for his mercy endureth for ever. |
| 2 | ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ | O give thanks unto the God of gods: for his mercy endureth for ever. |
| 3 | အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ | O give thanks to the Lord of lords: for his mercy endureth for ever. |
| 4 | ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော၊ | To him who alone doeth great wonders: for his mercy endureth for ever. |
| 5 | ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊ | To him that by wisdom made the heavens: for his mercy endureth for ever. |
| 6 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊ | To him that stretched out the earth above the waters: for his mercy endureth for ever. |
| 7 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊ | To him that made great lights: for his mercy endureth for ever: |
| 8 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကို၎င်း၊ | The sun to rule by day: for his mercy endureth for ever: |
| 9 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်း တော်မူထသော၊ | The moon and stars to rule by night: for his mercy endureth for ever. |
| 10 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊ | To him that smote Egypt in their firstborn: for his mercy endureth for ever: |
| 11 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊ | And brought out Israel from among them: for his mercy endureth for ever: |
| 12 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊ | With a strong hand, and with a stretched out arm: for his mercy endureth for ever. |
| 13 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊ | To him which divided the Red sea into parts: for his mercy endureth for ever: |
| 14 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊ | And made Israel to pass through the midst of it: for his mercy endureth for ever: |
| 15 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊ | But overthrew Pharaoh and his host in the Red sea: for his mercy endureth for ever. |
| 16 | ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊ | To him which led his people through the wilderness: for his mercy endureth for ever. |
| 17 | ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊ | To him which smote great kings: for his mercy endureth for ever: |
| 18 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊ | And slew famous kings: for his mercy endureth for ever: |
| 19 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊ | Sihon king of the Amorites: for his mercy endureth for ever: |
| 20 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊ | And Og the king of Bashan: for his mercy endureth for ever: |
| 21 | ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊ | And gave their land for an heritage: for his mercy endureth for ever: |
| 22 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော၊ | Even an heritage unto Israel his servant: for his mercy endureth for ever. |
| 23 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော၊ | Who remembered us in our low estate: for his mercy endureth for ever: |
| 24 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော၊ | And hath redeemed us from our enemies: for his mercy endureth for ever. |
| 25 | ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊ | Who giveth food to all flesh: for his mercy endureth for ever. |
| 26 | ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ | O give thanks unto the God of heaven: for his mercy endureth for ever. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL