시편 135편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 21절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။ | Praise ye the Lord. Praise ye the name of the Lord; praise him, O ye servants of the Lord. |
| 2 | ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။ | Ye that stand in the house of the Lord, in the courts of the house of our God, |
| 3 | ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။ | Praise the Lord; for the Lord is good: sing praises unto his name; for it is pleasant. |
| 4 | အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။ | For the Lord hath chosen Jacob unto himself, and Israel for his peculiar treasure. |
| 5 | ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။ | For I know that the Lord is great, and that our Lord is above all gods. |
| 6 | ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။ | Whatsoever the Lord pleased, that did he in heaven, and in earth, in the seas, and all deep places. |
| 7 | မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။ | He causeth the vapours to ascend from the ends of the earth; he maketh lightnings for the rain; he bringeth the wind out of his treasuries. |
| 8 | အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။ | Who smote the firstborn of Egypt, both of man and beast. |
| 9 | အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။ | Who sent tokens and wonders into the midst of thee, O Egypt, upon Pharaoh, and upon all his servants. |
| 10 | အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊ | Who smote great nations, and slew mighty kings; |
| 11 | ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊ | Sihon king of the Amorites, and Og king of Bashan, and all the kingdoms of Canaan: |
| 12 | သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။ | And gave their land for an heritage, an heritage unto Israel his people. |
| 13 | အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။ | Thy name, O Lord, endureth for ever; and thy memorial, O Lord, throughout all generations. |
| 14 | ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။ | For the Lord will judge his people, and he will repent himself concerning his servants. |
| 15 | သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။ | The idols of the heathen are silver and gold, the work of men’s hands. |
| 16 | ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ | They have mouths, but they speak not; eyes have they, but they see not; |
| 17 | နားရှိ၍ မကြားတတ်။ သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။ | They have ears, but they hear not; neither is there any breath in their mouths. |
| 18 | လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။ | They that make them are like unto them: so is every one that trusteth in them. |
| 19 | အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ | Bless the Lord, O house of Israel: bless the Lord, O house of Aaron: |
| 20 | အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။ | Bless the Lord, O house of Levi: ye that fear the Lord, bless the Lord. |
| 21 | ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။ | Blessed be the Lord out of Zion, which dwelleth at Jerusalem. Praise ye the Lord. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL