누가복음 24장 Judson (1835)
Judson (1835) · 미얀마어 · 누가복음 (Luke) · 53절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။ | Now upon the first day of the week, very early in the morning, they came unto the sepulchre, bringing the spices which they had prepared, and certain others with them. |
| 2 | ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ ဝင်သော်၊ | And they found the stone rolled away from the sepulchre. |
| 3 | သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။ | And they entered in, and found not the body of the Lord Jesus. |
| 4 | ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက် ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။ | And it came to pass, as they were much perplexed thereabout, behold, two men stood by them in shining garments: |
| 5 | ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင် ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။ | And as they were afraid, and bowed down their faces to the earth, they said unto them, Why seek ye the living among the dead? |
| 6 | ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ | He is not here, but is risen: remember how he spake unto you when he was yet in Galilee, |
| 7 | လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊ | Saying, The Son of man must be delivered into the hands of sinful men, and be crucified, and the third day rise again. |
| 8 | ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊ | And they remembered his words, |
| 9 | သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။ | And returned from the sepulchre, and told all these things unto the eleven, and to all the rest. |
| 10 | ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ သောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများဖြစ်သတည်း။ | It was Mary Magdalene, and Joanna, and Mary the mother of James, and other women that were with them, which told these things unto the apostles. |
| 11 | သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။ | And their words seemed to them as idle tales, and they believed them not. |
| 12 | သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။ | Then arose Peter, and ran unto the sepulchre; and stooping down, he beheld the linen clothes laid by themselves, and departed, wondering in himself at that which was come to pass. |
| 13 | ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသောဧမောက် အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊ | And, behold, two of them went that same day to a village called Emmaus, which was from Jerusalem about threescore furlongs. |
| 14 | ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ | And they talked together of all these things which had happened. |
| 15 | ထိုသို့ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။ | And it came to pass, that, while they communed together and reasoned, Jesus himself drew near, and went with them. |
| 16 | ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။ | But their eyes were holden that they should not know him. |
| 17 | ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကားကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊ | And he said unto them, What manner of communications are these that ye have one to another, as ye walk, and are sad? |
| 18 | သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခု အခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။ | And the one of them, whose name was Cleopas, answering said unto him, Art thou only a stranger in Jerusalem, and hast not known the things which are come to pass there in these days? |
| 19 | ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိ နှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။ | And he said unto them, What things? And they said unto him, Concerning Jesus of Nazareth, which was a prophet mighty in deed and word before God and all the people: |
| 20 | ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့ မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။ | And how the chief priests and our rulers delivered him to be condemned to death, and have crucified him. |
| 21 | ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြ ပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။ | But we trusted that it had been he which should have redeemed Israel: and beside all this, to day is the third day since these things were done. |
| 22 | ငါတို့၏အပေါင်းအဘော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊ | Yea, and certain women also of our company made us astonished, which were early at the sepulchre; |
| 23 | အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသောကောင်းကင် တမန်ထင်ရှားရာ ရူပါရုံကို မိမိတို့ မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။ | And when they found not his body, they came, saying, that they had also seen a vision of angels, which said that he was alive. |
| 24 | ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။ | And certain of them which were with us went to the sepulchre, and found it even so as the women had said: but him they saw not. |
| 25 | ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာ သောသူတို့၊ | Then he said unto them, O fools, and slow of heart to believe all that the prophets have spoken: |
| 26 | ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။ | Ought not Christ to have suffered these things, and to enter into his glory? |
| 27 | ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။ | And beginning at Moses and all the prophets, he expounded unto them in all the scriptures the things concerning himself. |
| 28 | ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကို လွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊ | And they drew nigh unto the village, whither they went: and he made as though he would have gone further. |
| 29 | ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ ကိုယ် တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။ | But they constrained him, saying, Abide with us: for it is toward evening, and the day is far spent. And he went in to tarry with them. |
| 30 | စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့ အား ပေးတော်မူသည်တွင်၊ | And it came to pass, as he sat at meat with them, he took bread, and blessed it, and brake, and gave to them. |
| 31 | သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော် မူ၏။ | And their eyes were opened, and they knew him; and he vanished out of their sight. |
| 32 | တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသော အခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။ | And they said one to another, Did not our heart burn within us, while he talked with us by the way, and while he opened to us the scriptures? |
| 33 | ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။ | And they rose up the same hour, and returned to Jerusalem, and found the eleven gathered together, and them that were with them, |
| 34 | စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော် မူပြီဟု ပြောဆိုလျှင်၊ | Saying, The Lord is risen indeed, and hath appeared to Simon. |
| 35 | ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကို၎င်း၊ ပြန်ကြားကြ၏။ | And they told what things were done in the way, and how he was known of them in breaking of bread. |
| 36 | ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ | And as they thus spake, Jesus himself stood in the midst of them, and saith unto them, Peace be unto you. |
| 37 | တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ | But they were terrified and affrighted, and supposed that they had seen a spirit. |
| 38 | ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ | And he said unto them, Why are ye troubled? and why do thoughts arise in your hearts? |
| 39 | ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ | Behold my hands and my feet, that it is I myself: handle me, and see; for a spirit hath not flesh and bones, as ye see me have. |
| 40 | လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ | And when he had thus spoken, he shewed them his hands and his feet. |
| 41 | ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ | And while they yet believed not for joy, and wondered, he said unto them, Have ye here any meat? |
| 42 | ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ | And they gave him a piece of a broiled fish, and of an honeycomb. |
| 43 | ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။ | And he took it, and did eat before them. |
| 44 | တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကို ရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။ | And he said unto them, These are the words which I spake unto you, while I was yet with you, that all things must be fulfilled, which were written in the law of Moses, and in the prophets, and in the psalms, concerning me. |
| 45 | ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊ | Then opened he their understanding, that they might understand the scriptures, |
| 46 | ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ | And said unto them, Thus it is written, and thus it behoved Christ to suffer, and to rise from the dead the third day: |
| 47 | ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ | And that repentance and remission of sins should be preached in his name among all nations, beginning at Jerusalem. |
| 48 | သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။ | And ye are witnesses of these things. |
| 49 | ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ | And, behold, I send the promise of my Father upon you: but tarry ye in the city of Jerusalem, until ye be endued with power from on high. |
| 50 | ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကို ချီ၍ ကောင်းကြီးပေးတော်မူ၏။ | And he led them out as far as to Bethany, and he lifted up his hands, and blessed them. |
| 51 | ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ | And it came to pass, while he blessed them, he was parted from them, and carried up into heaven. |
| 52 | တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။ | And they worshipped him, and returned to Jerusalem with great joy: |
| 53 | ဘုရားသခင်ကို အံ့ဩချီးမွန်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။ | And were continually in the temple, praising and blessing God. Amen. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL