누가복음 23장 Judson (1835)
Judson (1835) · 미얀마어 · 누가복음 (Luke) · 56절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊ | And the whole multitude of them arose, and led him unto Pilate. |
| 2 | ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ် ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင် ကြ၏။ | And they began to accuse him, saying, We found this fellow perverting the nation, and forbidding to give tribute to Cesar, saying that he himself is Christ a King. |
| 3 | ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ | And Pilate asked him, saying, Art thou the King of the Jews? And he answered him and said, Thou sayest it. |
| 4 | ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့ အား ပြောဆိုလျှင်၊ | Then said Pilate to the chief priests and to the people, I find no fault in this man. |
| 5 | ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤ အရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက် ဆို ကြ၏။ | And they were the more fierce, saying, He stirreth up the people, teaching throughout all Jewry, beginning from Galilee to this place. |
| 6 | ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း ၍၊ | When Pilate heard of Galilee, he asked whether the man were a Galilean. |
| 7 | ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။ | And as soon as he knew that he belonged unto Herod’s jurisdiction, he sent him to Herod, who himself also was at Jerusalem at that time. |
| 8 | ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်း တော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ရမည်ဟု မြော်လင့်လျက်နေ၏။ | And when Herod saw Jesus, he was exceeding glad: for he was desirous to see him of a long season, because he had heard many things of him; and he hoped to have seen some miracle done by him. |
| 9 | ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော် မမူ။ | Then he questioned with him in many words; but he answered him nothing. |
| 10 | ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။ | And the chief priests and scribes stood and vehemently accused him. |
| 11 | ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။ | And Herod with his men of war set him at nought, and mocked him, and arrayed him in a gorgeous robe, and sent him again to Pilate. |
| 12 | ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း။ | And the same day Pilate and Herod were made friends together: for before they were at enmity between themselves. |
| 13 | တဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ | And Pilate, when he had called together the chief priests and the rulers and the people, |
| 14 | ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။ | Said unto them, Ye have brought this man unto me, as one that perverteth the people: and, behold, I, having examined him before you, have found no fault in this man touching those things whereof ye accuse him: |
| 15 | ဟေရုဒ်မင်းသည်လည်းမတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု။ | No, nor yet Herod: for I sent you to him; and, lo, nothing worthy of death is done unto him. |
| 16 | ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။ | I will therefore chastise him, and release him. |
| 17 | ထိုပွဲ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။ | (For of necessity he must release one unto them at the feast.) |
| 18 | လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ၏။ | And they cried out all at once, saying, Away with this man, and release unto us Barabbas: |
| 19 | ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင် ထားသောသူဖြစ်သတည်း။ | (Who for a certain sedition made in the city, and for murder, was cast into prison.) |
| 20 | ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။ | Pilate therefore, willing to release Jesus, spake again to them. |
| 21 | သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ | But they cried, saying, Crucify him, crucify him. |
| 22 | ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ ငါမတွေ့။ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊ | And he said unto them the third time, Why, what evil hath he done? I have found no cause of death in him: I will therefore chastise him, and let him go. |
| 23 | လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသောအသံနှင့် ကျပ်ကျပ် တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင်လေ၏။ | And they were instant with loud voices, requiring that he might be crucified. And the voices of them and of the chief priests prevailed. |
| 24 | ပိလတ်မင်းသည်လည်း သူတို့တောင်းသည့်အတိုင်း ဖြစ်စေခြင်းငှါ စီရင်၍၊ | And Pilate gave sentence that it should be as they required. |
| 25 | ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူ များတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။ | And he released unto them him that for sedition and murder was cast into prison, whom they had desired; but he delivered Jesus to their will. |
| 26 | ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ | And as they led him away, they laid hold upon one Simon, a Cyrenian, coming out of the country, and on him they laid the cross, that he might bear it after Jesus. |
| 27 | နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ၏။ | And there followed him a great company of people, and of women, which also bewailed and lamented him. |
| 28 | ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။ | But Jesus turning unto them said, Daughters of Jerusalem, weep not for me, but weep for yourselves, and for your children. |
| 29 | အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။ | For, behold, the days are coming, in the which they shall say, Blessed are the barren, and the wombs that never bare, and the paps which never gave suck. |
| 30 | ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည်။ | Then shall they begin to say to the mountains, Fall on us; and to the hills, Cover us. |
| 31 | အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည် နည်းဟု မိန့်တော်မူ၏။ | For if they do these things in a green tree, what shall be done in the dry? |
| 32 | ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက် တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။ | And there were also two other, malefactors, led with him to be put to death. |
| 33 | ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ | And when they were come to the place, which is called Calvary, there they crucified him, and the malefactors, one on the right hand, and the other on the left. |
| 34 | ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ | Then said Jesus, Father, forgive them; for they know not what they do. And they parted his raiment, and cast lots. |
| 35 | လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။ | And the people stood beholding. And the rulers also with them derided him, saying, He saved others; let him save himself, if he be Christ, the chosen of God. |
| 36 | စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊ | And the soldiers also mocked him, coming to him, and offering him vinegar, |
| 37 | သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ယယ်ပြုလျက် ဆိုကြ၏။ | And saying, If thou be the king of the Jews, save thyself. |
| 38 | ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ် သတည်း။ | And a superscription also was written over him in letters of Greek, and Latin, and Hebrew, THIS IS THE KING OF THE JEWS. |
| 39 | ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။ | And one of the malefactors which were hanged railed on him, saying, If thou be Christ, save thyself and us. |
| 40 | တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မကြောက်သလော။ | But the other answering rebuked him, saying, Dost not thou fear God, seeing thou art in the same condemnation? |
| 41 | ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊ | And we indeed justly; for we receive the due reward of our deeds: but this man hath done nothing amiss. |
| 42 | သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ | And he said unto Jesus, Lord, remember me when thou comest into thy kingdom. |
| 43 | ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ | And Jesus said unto him, Verily I say unto thee, To day shalt thou be with me in paradise. |
| 44 | ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင် မိုက်အတိ ဖြစ်လေ၏။ | And it was about the sixth hour, and there was a darkness over all the earth until the ninth hour. |
| 45 | နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ | And the sun was darkened, and the veil of the temple was rent in the midst. |
| 46 | ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။ | And when Jesus had cried with a loud voice, he said, Father, into thy hands I commend my spirit: and having said thus, he gave up the ghost. |
| 47 | ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။ | Now when the centurion saw what was done, he glorified God, saying, Certainly this was a righteous man. |
| 48 | ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကို ခတ်၍ ပြန်သွားကြ၏။ | And all the people that came together to that sight, beholding the things which were done, smote their breasts, and returned. |
| 49 | ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူအပေါင်း တို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။ | And all his acquaintance, and the women that followed him from Galilee, stood afar off, beholding these things. |
| 50 | ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊ | And, behold, there was a man named Joseph, a counsellor; and he was a good man, and a just: |
| 51 | ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံ သို့ဝင်၍၊ | (The same had not consented to the counsel and deed of them;) he was of Arimathea, a city of the Jews: who also himself waited for the kingdom of God. |
| 52 | ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ | This man went unto Pilate, and begged the body of Jesus. |
| 53 | အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက် သင်္ချိုင်းတွင်း၌ ထားလေ၏။ | And he took it down, and wrapped it in linen, and laid it in a sepulchre that was hewn in stone, wherein never man before was laid. |
| 54 | ထိုနေ့ကား အဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။ | And that day was the preparation, and the sabbath drew on. |
| 55 | ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသောမိန်းမများသည် သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။ | And the women also, which came with him from Galilee, followed after, and beheld the sepulchre, and how his body was laid. |
| 56 | ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။ | And they returned, and prepared spices and ointments; and rested the sabbath day according to the commandment. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL