창세기 5장 Judson (1835)
Judson (1835) · 미얀마어 · 창세기 (Genesis) · 32절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။ | This is the book of the generations of Adam. In the day that God created man, in the likeness of God made he him; |
| 2 | လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။ | Male and female created he them; and blessed them, and called their name Adam, in the day when they were created. |
| 3 | အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။ | And Adam lived an hundred and thirty years, and begat a son in his own likeness, after his image; and called his name Seth: |
| 4 | ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ | And the days of Adam after he had begotten Seth were eight hundred years: and he begat sons and daughters: |
| 5 | အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။ | And all the days that Adam lived were nine hundred and thirty years: and he died. |
| 6 | ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။ | And Seth lived an hundred and five years, and begat Enos: |
| 7 | ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။ | And Seth lived after he begat Enos eight hundred and seven years, and begat sons and daughters: |
| 8 | ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။ | And all the days of Seth were nine hundred and twelve years: and he died. |
| 9 | ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။ | And Enos lived ninety years, and begat Cainan: |
| 10 | ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။ | And Enos lived after he begat Cainan eight hundred and fifteen years, and begat sons and daughters: |
| 11 | ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။ | And all the days of Enos were nine hundred and five years: and he died. |
| 12 | ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။ | And Cainan lived seventy years, and begat Mahalaleel: |
| 13 | မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။ | And Cainan lived after he begat Mahalaleel eight hundred and forty years, and begat sons and daughters: |
| 14 | ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။ | And all the days of Cainan were nine hundred and ten years: and he died. |
| 15 | မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။ | And Mahalaleel lived sixty and five years, and begat Jared: |
| 16 | ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ | And Mahalaleel lived after he begat Jared eight hundred and thirty years, and begat sons and daughters: |
| 17 | မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊ | And all the days of Mahalaleel were eight hundred ninety and five years: and he died. |
| 18 | ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။ | And Jared lived an hundred sixty and two years, and he begat Enoch: |
| 19 | ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ | And Jared lived after he begat Enoch eight hundred years, and begat sons and daughters: |
| 20 | ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။ | And all the days of Jared were nine hundred sixty and two years: and he died. |
| 21 | ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။ | And Enoch lived sixty and five years, and begat Methuselah: |
| 22 | မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။ | And Enoch walked with God after he begat Methuselah three hundred years, and begat sons and daughters: |
| 23 | ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊ | And all the days of Enoch were three hundred sixty and five years: |
| 24 | ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။ | And Enoch walked with God: and he was not; for God took him. |
| 25 | မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။ | And Methuselah lived an hundred eighty and seven years, and begat Lamech: |
| 26 | လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။ | And Methuselah lived after he begat Lamech seven hundred eighty and two years, and begat sons and daughters: |
| 27 | မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။ | And all the days of Methuselah were nine hundred sixty and nine years: and he died. |
| 28 | လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊ | And Lamech lived an hundred eighty and two years, and begat a son: |
| 29 | ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။ | And he called his name Noah, saying, This same shall comfort us concerning our work and toil of our hands, because of the ground which the Lord hath cursed. |
| 30 | နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။ | And Lamech lived after he begat Noah five hundred ninety and five years, and begat sons and daughters: |
| 31 | လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။ | And all the days of Lamech were seven hundred seventy and seven years: and he died. |
| 32 | နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။ | And Noah was five hundred years old: and Noah begat Shem, Ham, and Japheth. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL