잠언 28장 Judson (1835)
Judson (1835) · 미얀마어 · 잠언 (Proverbs) · 28절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။ | The wicked flee when no man pursueth: but the righteous are bold as a lion. |
| 2 | ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။ | For the transgression of a land many are the princes thereof: but by a man of understanding and knowledge the state thereof shall be prolonged. |
| 3 | ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။ | A poor man that oppresseth the poor is like a sweeping rain which leaveth no food. |
| 4 | တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။ | They that forsake the law praise the wicked: but such as keep the law contend with them. |
| 5 | အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။ | Evil men understand not judgment: but they that seek the Lord understand all things. |
| 6 | မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။ | Better is the poor that walketh in his uprightness, than he that is perverse in his ways, though he be rich. |
| 7 | တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။ | Whoso keepeth the law is a wise son: but he that is a companion of riotous men shameth his father. |
| 8 | အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။ | He that by usury and unjust gain increaseth his substance, he shall gather it for him that will pity the poor. |
| 9 | တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။ | He that turneth away his ear from hearing the law, even his prayer shall be abomination. |
| 10 | ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။ | Whoso causeth the righteous to go astray in an evil way, he shall fall himself into his own pit: but the upright shall have good things in possession. |
| 11 | ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။ | The rich man is wise in his own conceit; but the poor that hath understanding searcheth him out. |
| 12 | ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။ | When righteous men do rejoice, there is great glory: but when the wicked rise, a man is hidden. |
| 13 | မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။ | He that covereth his sins shall not prosper: but whoso confesseth and forsaketh them shall have mercy. |
| 14 | အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။ | Happy is the man that feareth alway: but he that hardeneth his heart shall fall into mischief. |
| 15 | ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။ | As a roaring lion, and a ranging bear; so is a wicked ruler over the poor people. |
| 16 | ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။ | The prince that wanteth understanding is also a great oppressor: but he that hateth covetousness shall prolong his days. |
| 17 | လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။ | A man that doeth violence to the blood of any person shall flee to the pit; let no man stay him. |
| 18 | ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။ | Whoso walketh uprightly shall be saved: but he that is perverse in his ways shall fall at once. |
| 19 | လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။ | He that tilleth his land shall have plenty of bread: but he that followeth after vain persons shall have poverty enough. |
| 20 | သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။ | A faithful man shall abound with blessings: but he that maketh haste to be rich shall not be innocent. |
| 21 | လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။ | To have respect of persons is not good: for for a piece of bread that man will transgress. |
| 22 | ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။ | He that hasteth to be rich hath an evil eye, and considereth not that poverty shall come upon him. |
| 23 | ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။ | He that rebuketh a man afterwards shall find more favour than he that flattereth with the tongue. |
| 24 | အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။ | Whoso robbeth his father or his mother, and saith, It is no transgression; the same is the companion of a destroyer. |
| 25 | စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။ | He that is of a proud heart stirreth up strife: but he that putteth his trust in the Lord shall be made fat. |
| 26 | မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။ | He that trusteth in his own heart is a fool: but whoso walketh wisely, he shall be delivered. |
| 27 | ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။ | He that giveth unto the poor shall not lack: but he that hideth his eyes shall have many a curse. |
| 28 | မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။ | When the wicked rise, men hide themselves: but when they perish, the righteous increase. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL