잠언 12장 Judson (1835)
Judson (1835) · 미얀마어 · 잠언 (Proverbs) · 28절
- 1 နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
- 2 သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
- 3 လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။
- 4 သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
- 5 ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။
- 6 မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
- 7 မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။
- 8 လူသည်ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
- 9 စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
- 10 ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
- 11 မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။
- 12 မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
- 13 စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
- 14 လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။
- 15 မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
- 16 မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
- 17 မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
- 18 သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
- 19 သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
- 20 မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။
- 21 တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသော သူမူကား၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည်။
- 22 မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။
- 23 ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
- 24 လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
- 25 ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
- 26 ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
- 27 ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
- 28 ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗