욥기 41장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 34절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။ | Canst thou draw out leviathan with an hook? or his tongue with a cord which thou lettest down? |
| 2 | သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။ | Canst thou put an hook into his nose? or bore his jaw through with a thorn? |
| 3 | သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။ | Will he make many supplications unto thee? will he speak soft words unto thee? |
| 4 | သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။ | Will he make a covenant with thee? wilt thou take him for a servant for ever? |
| 5 | ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။ | Wilt thou play with him as with a bird? or wilt thou bind him for thy maidens? |
| 6 | သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။ | Shall the companions make a banquet of him? shall they part him among the merchants? |
| 7 | သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင် သလော။ | Canst thou fill his skin with barbed irons? or his head with fish spears? |
| 8 | သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။ | Lay thine hand upon him, remember the battle, do no more. |
| 9 | တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။ | Behold, the hope of him is in vain: shall not one be cast down even at the sight of him? |
| 10 | သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ | None is so fierce that dare stir him up: who then is able to stand before me? |
| 11 | ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။ | Who hath prevented me, that I should repay him? whatsoever is under the whole heaven is mine. |
| 12 | လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက်၍မထား။ | I will not conceal his parts, nor his power, nor his comely proportion. |
| 13 | သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။ | Who can discover the face of his garment? or who can come to him with his double bridle? |
| 14 | သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။ | Who can open the doors of his face? his teeth are terrible round about. |
| 15 | လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။ | His scales are his pride, shut up together as with a close seal. |
| 16 | လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။ | One is so near to another, that no air can come between them. |
| 17 | တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ၏။ | They are joined one to another, they stick together, that they cannot be sundered. |
| 18 | သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။ | By his neesings a light doth shine, and his eyes are like the eyelids of the morning. |
| 19 | ပစပ်ထဲက မီးရူးထွက်၍ မီးပွါးတို့လည်း လွင့်ကြ၏။ | Out of his mouth go burning lamps, and sparks of fire leap out. |
| 20 | ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏။ | Out of his nostrils goeth smoke, as out of a seething pot or caldron. |
| 21 | အသက်ရှုသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။ | His breath kindleth coals, and a flame goeth out of his mouth. |
| 22 | လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။ | In his neck remaineth strength, and sorrow is turned into joy before him. |
| 23 | အသားအကြောတို့သည် တခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။ | The flakes of his flesh are joined together: they are firm in themselves; they cannot be moved. |
| 24 | နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ၏။ | His heart is as firm as a stone; yea, as hard as a piece of the nether millstone. |
| 25 | သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။ | When he raiseth up himself, the mighty are afraid: by reason of breakings they purify themselves. |
| 26 | သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။ | The sword of him that layeth at him cannot hold: the spear, the dart, nor the habergeon. |
| 27 | သံကို ကောက်ရိုးကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့၎င်း မှတ်တတ်၏။ | He esteemeth iron as straw, and brass as rotten wood. |
| 28 | လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။ | The arrow cannot make him flee: slingstones are turned with him into stubble. |
| 29 | ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။ | Darts are counted as stubble: he laugheth at the shaking of a spear. |
| 30 | သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။ | Sharp stones are under him: he spreadeth sharp pointed things upon the mire. |
| 31 | အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။ | He maketh the deep to boil like a pot: he maketh the sea like a pot of ointment. |
| 32 | သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။ | He maketh a path to shine after him; one would think the deep to be hoary. |
| 33 | မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။ | Upon earth there is not his like, who is made without fear. |
| 34 | ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။ | He beholdeth all high things: he is a king over all the children of pride. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL