욥기 32장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 22절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။ | So these three men ceased to answer Job, because he was righteous in his own eyes. |
| 2 | ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။ | Then was kindled the wrath of Elihu the son of Barachel the Buzite, of the kindred of Ram: against Job was his wrath kindled, because he justified himself rather than God. |
| 3 | ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။ | Also against his three friends was his wrath kindled, because they had found no answer, and yet had condemned Job. |
| 4 | ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။ | Now Elihu had waited till Job had spoken, because they were elder than he. |
| 5 | ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။ | When Elihu saw that there was no answer in the mouth of these three men, then his wrath was kindled. |
| 6 | ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။ | And Elihu the son of Barachel the Buzite answered and said, I am young, and ye are very old; wherefore I was afraid, and durst not shew you mine opinion. |
| 7 | နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။ | I said, Days should speak, and multitude of years should teach wisdom. |
| 8 | သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဉာဏ်ရှိ၏။ | But there is a spirit in man: and the inspiration of the Almighty giveth them understanding. |
| 9 | လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။ | Great men are not always wise: neither do the aged understand judgment. |
| 10 | သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။ | Therefore I said, Hearken to me; I also will shew mine opinion. |
| 11 | သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။ | Behold, I waited for your words; I gave ear to your reasons, whilst ye searched out what to say. |
| 12 | စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။ | Yea, I attended unto you, and, behold, there was none of you that convinced Job, or that answered his words: |
| 13 | သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ | Lest ye should say, We have found out wisdom: God thrusteth him down, not man. |
| 14 | ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။ | Now he hath not directed his words against me: neither will I answer him with your speeches. |
| 15 | ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။ | They were amazed, they answered no more: they left off speaking. |
| 16 | ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။ | When I had waited, (for they spake not, but stood still, and answered no more;) |
| 17 | သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။ | I said, I will answer also my part, I also will shew mine opinion. |
| 18 | ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။ | For I am full of matter, the spirit within me constraineth me. |
| 19 | ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။ | Behold, my belly is as wine which hath no vent; it is ready to burst like new bottles. |
| 20 | ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။ | I will speak, that I may be refreshed: I will open my lips and answer. |
| 21 | အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။ | Let me not, I pray you, accept any man’s person, neither let me give flattering titles unto man. |
| 22 | သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။ | For I know not to give flattering titles; in so doing my maker would soon take me away. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL