욥기 15장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 35절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား၊ | Then answered Eliphaz the Temanite, and said, |
| 2 | ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။ | Should a wise man utter vain knowledge, and fill his belly with the east wind? |
| 3 | အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွှေးသင့်သလော။ | Should he reason with unprofitable talk? or with speeches wherewith he can do no good? |
| 4 | သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ်၏။ | Yea, thou castest off fear, and restrainest prayer before God. |
| 5 | သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။ | For thy mouth uttereth thine iniquity, and thou choosest the tongue of the crafty. |
| 6 | ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ၏။ | Thine own mouth condemneth thee, and not I: yea, thine own lips testify against thee. |
| 7 | သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။ | Art thou the first man that was born? or wast thou made before the hills? |
| 8 | ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။ | Hast thou heard the secret of God? and dost thou restrain wisdom to thyself? |
| 9 | ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။ | What knowest thou, that we know not? what understandest thou, which is not in us? |
| 10 | သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။ | With us are both the grayheaded and very aged men, much elder than thy father. |
| 11 | သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။ | Are the consolations of God small with thee? is there any secret thing with thee? |
| 12 | ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။ | Why doth thine heart carry thee away? and what do thy eyes wink at, |
| 13 | သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ | That thou turnest thy spirit against God, and lettest such words go out of thy mouth? |
| 14 | လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ | What is man, that he should be clean? and he which is born of a woman, that he should be righteous? |
| 15 | ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။ | Behold, he putteth no trust in his saints; yea, the heavens are not clean in his sight. |
| 16 | သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။ | How much more abominable and filthy is man, which drinketh iniquity like water? |
| 17 | ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ | I will shew thee, hear me; and that which I have seen I will declare; |
| 18 | ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ | Which wise men have told from their fathers, and have not hid it: |
| 19 | ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ | Unto whom alone the earth was given, and no stranger passed among them. |
| 20 | ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။ | The wicked man travaileth with pain all his days, and the number of years is hidden to the oppressor. |
| 21 | သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။ | A dreadful sound is in his ears: in prosperity the destroyer shall come upon him. |
| 22 | မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။ | He believeth not that he shall return out of darkness, and he is waited for of the sword. |
| 23 | စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ | He wandereth abroad for bread, saying, Where is it? he knoweth that the day of darkness is ready at his hand. |
| 24 | ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။ | Trouble and anguish shall make him afraid; they shall prevail against him, as a king ready to the battle. |
| 25 | အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။ | For he stretcheth out his hand against God, and strengtheneth himself against the Almighty. |
| 26 | လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။ | He runneth upon him, even on his neck, upon the thick bosses of his bucklers: |
| 27 | မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။ | Because he covereth his face with his fatness, and maketh collops of fat on his flanks. |
| 28 | သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူ မျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။ | And he dwelleth in desolate cities, and in houses which no man inhabiteth, which are ready to become heaps. |
| 29 | ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။ | He shall not be rich, neither shall his substance continue, neither shall he prolong the perfection thereof upon the earth. |
| 30 | သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။ | He shall not depart out of darkness; the flame shall dry up his branches, and by the breath of his mouth shall he go away. |
| 31 | အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။ | Let not him that is deceived trust in vanity: for vanity shall be his recompence. |
| 32 | အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။ | It shall be accomplished before his time, and his branch shall not be green. |
| 33 | စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။ | He shall shake off his unripe grape as the vine, and shall cast off his flower as the olive. |
| 34 | အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏နေရာသည် မီးလောင်လိမ့်မည်။ | For the congregation of hypocrites shall be desolate, and fire shall consume the tabernacles of bribery. |
| 35 | ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။ | They conceive mischief, and bring forth vanity, and their belly prepareth deceit. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL