욥기 12장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 25절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ယောဘပြန်၍ မြွက်ဆိုသည်ကား၊ | And Job answered and said, |
| 2 | သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။ | No doubt but ye are the people, and wisdom shall die with you. |
| 3 | သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဉာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။ | But I have understanding as well as you; I am not inferior to you: yea, who knoweth not such things as these? |
| 4 | ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။ | I am as one mocked of his neighbour, who calleth upon God, and he answereth him: the just upright man is laughed to scorn. |
| 5 | ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။ | He that is ready to slip with his feet is as a lamp despised in the thought of him that is at ease. |
| 6 | ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။ | The tabernacles of robbers prosper, and they that provoke God are secure; into whose hand God bringeth abundantly. |
| 7 | သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ | But ask now the beasts, and they shall teach thee; and the fowls of the air, and they shall tell thee: |
| 8 | မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။ | Or speak to the earth, and it shall teach thee: and the fishes of the sea shall declare unto thee. |
| 9 | ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။ | Who knoweth not in all these that the hand of the Lord hath wrought this? |
| 10 | အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။ | In whose hand is the soul of every living thing, and the breath of all mankind. |
| 11 | ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။ | Doth not the ear try words? and the mouth taste his meat? |
| 12 | အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။ | With the ancient is wisdom; and in length of days understanding. |
| 13 | ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။ | With him is wisdom and strength, he hath counsel and understanding. |
| 14 | ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။ | Behold, he breaketh down, and it cannot be built again: he shutteth up a man, and there can be no opening. |
| 15 | ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။ | Behold, he withholdeth the waters, and they dry up: also he sendeth them out, and they overturn the earth. |
| 16 | တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။ | With him is strength and wisdom: the deceived and the deceiver are his. |
| 17 | တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။ | He leadeth counsellors away spoiled, and maketh the judges fools. |
| 18 | ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။ | He looseth the bond of kings, and girdeth their loins with a girdle. |
| 19 | ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။ | He leadeth princes away spoiled, and overthroweth the mighty. |
| 20 | နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။ | He removeth away the speech of the trusty, and taketh away the understanding of the aged. |
| 21 | မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။ | He poureth contempt upon princes, and weakeneth the strength of the mighty. |
| 22 | မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။ | He discovereth deep things out of darkness, and bringeth out to light the shadow of death. |
| 23 | တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။ | He increaseth the nations, and destroyeth them: he enlargeth the nations, and straiteneth them again. |
| 24 | မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။ | He taketh away the heart of the chief of the people of the earth, and causeth them to wander in a wilderness where there is no way. |
| 25 | သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။ | They grope in the dark without light, and he maketh them to stagger like a drunken man. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL