여호수아 18장 Judson (1835)
Judson (1835) · 미얀마어 · 여호수아 (Joshua) · 28절
- 1 ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။
- 2 ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည်၊ အမွေမြေကို မခံရသေးသည်ဖြစ်၍၊
- 3 ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
- 4 သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံး သို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။
- 5 သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
- 6 ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်။
- 7 လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။
- 8 ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုက လည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊
- 9 သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။
- 10 ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ၏။
- 11 ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။
- 12 မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော် ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက်တောင်ပေါ်၌၎င်း ရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား၏။
- 13 တဖန် တောင်မျက်နှာသို့သွား၍ ဗေသလ လုဇ မြို့နား၌ ရှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင် ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊
- 14 ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။
- 15 တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာ ရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊
- 16 ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊
- 17 မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သား ဗောဟန်၏ ကျောက်သို့၎င်း ရောက်လေ၏။
- 18 တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊
- 19 ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။
- 20 ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။
- 21 ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသော ဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
- 22 ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
- 23 အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊
- 24 ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့် တကွ ဆယ်နှစ်မြို့တည်း။
- 25 ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
- 26 မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
- 27 ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
- 28 ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗