여호수아 17장 Judson (1835)
Judson (1835) · 미얀마어 · 여호수아 (Joshua) · 18절
- 1 ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
- 2 ယောသပ်၏သား မနာရှေ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖါသား၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု၍ ရကြသေး၏။
- 3 သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
- 4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။
- 5 ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့်၊
- 6 ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။
- 7 မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာ ဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
- 8 တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။
- 9 တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ်၍ ပင်လယ်၌ဆုံးလေ၏။
- 10 တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာ ရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။
- 11 ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။
- 12 သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင် နေကြ၏။
- 13 ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ၏။
- 14 ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော်၊
- 15 ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏။
- 16 ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
- 17 ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တဘို့တည်းကိုသာ မယူရ။
- 18 တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗