시편 87편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 7절
- 1 ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။
- 2 ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။
- 3 အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ၏။
- 4 ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။
- 5 ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။
- 6 ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
- 7 သီချင်းသည်နှင့်ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်း ရှိသမျှတို့သည် သင်၌ရှိကြ သတည်း။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗