로그인

시편 87편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 7절 · 대역: King James Version

절Judson (1835)King James Version
1 ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။ His foundation is in the holy mountains.
2 ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။ The Lord loveth the gates of Zion more than all the dwellings of Jacob.
3 အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ၏။ Glorious things are spoken of thee, O city of God. Selah.
4 ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။ I will make mention of Rahab and Babylon to them that know me: behold Philistia, and Tyre, with Ethiopia; this man was born there.
5 ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။ And of Zion it shall be said, This and that man was born in her: and the highest himself shall establish her.
6 ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။ The Lord shall count, when he writeth up the people, that this man was born there. Selah.
7 သီချင်းသည်နှင့်ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်း ရှိသမျှတို့သည် သင်၌ရှိကြ သတည်း။ As well the singers as the players on instruments shall be there: all my springs are in thee.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL