시편 80편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 19절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နား ထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ | Give ear, O Shepherd of Israel, thou that leadest Joseph like a flock; thou that dwellest between the cherubims, shine forth. |
| 2 | ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ။ | Before Ephraim and Benjamin and Manasseh stir up thy strength, and come and save us. |
| 3 | အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့် မည်။ | Turn us again, O God, and cause thy face to shine; and we shall be saved. |
| 4 | ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။ | O Lord God of hosts, how long wilt thou be angry against the prayer of thy people? |
| 5 | သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည် ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။ | Thou feedest them with the bread of tears; and givest them tears to drink in great measure. |
| 6 | အနီးအပါး၌ နေသောသူတို့သည် အကျွန်ုပ်တို့ အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။ | Thou makest us a strife unto our neighbours: and our enemies laugh among themselves. |
| 7 | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။ | Turn us again, O God of hosts, and cause thy face to shine; and we shall be saved. |
| 8 | ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည် ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက် ပျိုးတော်မူ၏။ | Thou hast brought a vine out of Egypt: thou hast cast out the heathen, and planted it. |
| 9 | သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကို နှံ့ပြားပါ၏။ | Thou preparedst room before it, and didst cause it to take deep root, and it filled the land. |
| 10 | သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။ | The hills were covered with the shadow of it, and the boughs thereof were like the goodly cedars. |
| 11 | သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်၎င်း ပြန့်ပွား စေပါ၏။ | She sent out her boughs unto the sea, and her branches unto the river. |
| 12 | ယခုမူကား၊ လမ်း၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ၊ သူ၏ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း။ | Why hast thou then broken down her hedges, so that all they which pass by the way do pluck her? |
| 13 | တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍၊ တော သားရဲသည်လည်း စားပါ၏။ | The boar out of the wood doth waste it, and the wild beast of the field doth devour it. |
| 14 | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်း ကင်က ကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ။ | Return, we beseech thee, O God of hosts: look down from heaven, and behold, and visit this vine; |
| 15 | လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။ | And the vineyard which thy right hand hath planted, and the branch that thou madest strong for thyself. |
| 16 | မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ၏။ | It is burned with fire, it is cut down: they perish at the rebuke of thy countenance. |
| 17 | လက်ျာလက်တော်နှင့်ဆိုင်သောလူ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။ | Let thy hand be upon the man of thy right hand, upon the son of man whom thou madest strong for thyself. |
| 18 | သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။ | So will not we go back from thee: quicken us, and we will call upon thy name. |
| 19 | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။ | Turn us again, O Lord God of hosts, cause thy face to shine; and we shall be saved. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL