시편 77편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 20절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ငါသည် ဘုရားသခင့်ထံသို့ အသံကို လွှင့်၍ အော် ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။ | I cried unto God with my voice, even unto God with my voice; and he gave ear unto me. |
| 2 | ဘေးရောက်သည်ကာလ၌ ငါသည် ထာဝရ ဘုရားကို ရှာရ၏။ ညဉ့်အချိန်၌ ပင်လက်ကို ဆန့်လျက် နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။ | In the day of my trouble I sought the Lord: my sore ran in the night, and ceased not: my soul refused to be comforted. |
| 3 | ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်းရှိ၏။ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ ရောက်တတ်၏။ | I remembered God, and was troubled: I complained, and my spirit was overwhelmed. Selah. |
| 4 | မျက်စိမှိတ်၍ မပျော်နိုင်။ လှုပ်ရှားခြင်းရှိသော ကြောင့် နှုတ်မမြွက်နိုင်။ | Thou holdest mine eyes waking: I am so troubled that I cannot speak. |
| 5 | လွန်လေပြီးသော နေ့ရက်ကို၎င်း၊ ရှေးကာလ ကို၎င်း အောက်မေ့၏။ | I have considered the days of old, the years of ancient times. |
| 6 | ညဉ့်အခါ၌လည်း ငါသည် ကိုယ်သီချင်းကို ဆင်ခြင်၍၊ ကိုယ်စိတ် နှလုံးနှင့် ဆွေးနွေးသဖြင့်၊ ငါ့ဝိညာဉ် သည် စစ်ဆေးခြင်းကို ပြု၏။ | I call to remembrance my song in the night: I commune with mine own heart: and my spirit made diligent search. |
| 7 | ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မူမည် လော။ နောက်တဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော် မူမည်လော။ | Will the Lord cast off for ever? and will he be favourable no more? |
| 8 | ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ဂတိ တော်လည်း ကာလအစဉ်အဆက်ပျက်လိမ့်မည်လော။ | Is his mercy clean gone for ever? doth his promise fail for evermore? |
| 9 | ဘုရားခင်သည် သနားခြင်းငှါ မေ့လျော့တော်မူ သလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော် ကို ချုပ်တည်းတော်မူသလော။ | Hath God forgotten to be gracious? hath he in anger shut up his tender mercies? Selah. |
| 10 | ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။ | And I said, This is my infirmity: but I will remember the years of the right hand of the most High. |
| 11 | ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့ဩဘွယ် တို့ကို အောက်မေ့ပါမည်။ | I will remember the works of the Lord: surely I will remember thy wonders of old. |
| 12 | ပြုတော်မူသမျှတို့ကို ဆင်ခြင်၍စီရင်တော်မူ သော အရာတို့ကို မြွက်ဆိုပါမည်။ | I will meditate also of all thy work, and talk of thy doings. |
| 13 | အိုဘုရားသခင်၊ ကိုယ်တော်၏ လမ်းသည် သန့်ရှင်းခြင်းနှင့်ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။ | Thy way, O God, is in the sanctuary: who is so great a God as our God? |
| 14 | ကိုယ်တော်သည် အံ့ဘွယ်သော အမှုတို့ကို ပြုတတ်သော ဘုရားဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ။ | Thou art the God that doest wonders: thou hast declared thy strength among the people. |
| 15 | ကိုယ်တော်၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော် မူပြီ။ | Thou hast with thine arm redeemed thy people, the sons of Jacob and Joseph. Selah. |
| 16 | အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကို မြင်၍ ကြောက် ရွံ့ကြပါ၏။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ၏။ | The waters saw thee, O God, the waters saw thee; they were afraid: the depths also were troubled. |
| 17 | မိုဃ်းတိမ်တို့သည် ရေကို သွန်းလောင်း၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏ မြှားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။ | The clouds poured out water: the skies sent out a sound: thine arrows also went abroad. |
| 18 | ကိုယ်တော်၏ မိုဃ်းကြိုးသံသည် လေဘွေ၌ပါ၍၊ လျှပ်စစ်ပြက်သဖြင့်၊ လောကကို လင်းစေပါ၏။ မြေကြီး သည်လည်း တုန်လှုပ်ပါ၏။ | The voice of thy thunder was in the heaven: the lightnings lightened the world: the earth trembled and shook. |
| 19 | ကိုယ်တော်သည် သမုဒ္ဒရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့်၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ။ | Thy way is in the sea, and thy path in the great waters, and thy footsteps are not known. |
| 20 | မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။ | Thou leddest thy people like a flock by the hand of Moses and Aaron. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL