시편 76편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 12절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။ | In Judah is God known: his name is great in Israel. |
| 2 | ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ၏။ | In Salem also is his tabernacle, and his dwelling place in Zion. |
| 3 | ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။ | There brake he the arrows of the bow, the shield, and the sword, and the battle. Selah. |
| 4 | သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။ | Thou art more glorious and excellent than the mountains of prey. |
| 5 | ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။ | The stouthearted are spoiled, they have slept their sleep: and none of the men of might have found their hands. |
| 6 | ယာကုပ်အမျိုး၏ ဘုရားခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။ | At thy rebuke, O God of Jacob, both the chariot and horse are cast into a dead sleep. |
| 7 | ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။ | Thou, even thou, art to be feared: and who may stand in thy sight when once thou art angry? |
| 8 | ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင်၍၊ | Thou didst cause judgment to be heard from heaven; the earth feared, and was still, |
| 9 | တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့်၊ မြေကြီးသည် ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။ | When God arose to judgment, to save all the meek of the earth. Selah. |
| 10 | အကယ်စင်စစ်လူတို့၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်။ | Surely the wrath of man shall praise thee: the remainder of wrath shalt thou restrain. |
| 11 | သစ္စာဂတိပြုကြလော့။ သင်တို့၏ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။ | Vow, and pay unto the Lord your God: let all that be round about him bring presents unto him that ought to be feared. |
| 12 | ထိုဘုရားသည် မင်းသားတို့၏ စိတ်ကို နှိမ့်ချ တော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ၏။ | He shall cut off the spirit of princes: he is terrible to the kings of the earth. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL