시편 74편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 23절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။ | O God, why hast thou cast us off for ever? why doth thine anger smoke against the sheep of thy pasture? |
| 2 | ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။ | Remember thy congregation, which thou hast purchased of old; the rod of thine inheritance, which thou hast redeemed; this mount Zion, wherein thou hast dwelt. |
| 3 | သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။ | Lift up thy feet unto the perpetual desolations; even all that the enemy hath done wickedly in the sanctuary. |
| 4 | ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့ သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။ | Thine enemies roar in the midst of thy congregations; they set up their ensigns for signs. |
| 5 | လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊ | A man was famous according as he had lifted up axes upon the thick trees. |
| 6 | ယခုတွင် ဗိမာန်တော် တန်ဆာများကိုပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။ | But now they break down the carved work thereof at once with axes and hammers. |
| 7 | သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ၏။ | They have cast fire into thy sanctuary, they have defiled by casting down the dwelling place of thy name to the ground. |
| 8 | ဤအမျိုးသား အပေါင်းတို့ကို အတူဖျက်ဆီးကြ ကုန်အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရား စရပ်တို့ကို မီးရှို့ကြပါ၏။ | They said in their hearts, Let us destroy them together: they have burned up all the synagogues of God in the land. |
| 9 | အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ။ | We see not our signs: there is no more any prophet: neither is there among us any that knoweth how long. |
| 10 | အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလ ပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော။ | O God, how long shall the adversary reproach? shall the enemy blaspheme thy name for ever? |
| 11 | လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော် မူပါ။ | Why withdrawest thou thy hand, even thy right hand? pluck it out of thy bosom. |
| 12 | အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ ပြုသော ငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ | For God is my King of old, working salvation in the midst of the earth. |
| 13 | ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ | Thou didst divide the sea by thy strength: thou brakest the heads of the dragons in the waters. |
| 14 | လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။ | Thou brakest the heads of leviathan in pieces, and gavest him to be meat to the people inhabiting the wilderness. |
| 15 | စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။ | Thou didst cleave the fountain and the flood: thou driedst up mighty rivers. |
| 16 | နေ့နှင့်ညဉ့်ကို ပိုင်တော်မူ၏။ နေမှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ။ | The day is thine, the night also is thine: thou hast prepared the light and the sun. |
| 17 | မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကို၎င်း၊ နွေကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။ | Thou hast set all the borders of the earth: thou hast made summer and winter. |
| 18 | ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့ သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက် မေ့တော်မူပါ။ | Remember this, that the enemy hath reproached, O Lord, and that the foolish people have blasphemed thy name. |
| 19 | ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။ | O deliver not the soul of thy turtledove unto the multitude of the wicked: forget not the congregation of thy poor for ever. |
| 20 | ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။ | Have respect unto the covenant: for the dark places of the earth are full of the habitations of cruelty. |
| 21 | နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါ စေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။ | O let not the oppressed return ashamed: let the poor and needy praise thy name. |
| 22 | အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။ | Arise, O God, plead thine own cause: remember how the foolish man reproacheth thee daily. |
| 23 | ကိုယ်တော်၏ရန်သူတို့ အသံကို မေ့လျော့တော် မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်း ခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတက်လျက်ရှိပါ၏။ | Forget not the voice of thine enemies: the tumult of those that rise up against thee increaseth continually. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL