로그인

시편 70편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 5절 · 대역: King James Version

절Judson (1835)King James Version
1 အိုဘုရားသခင်၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။ Make haste, O God, to deliver me; make haste to help me, O Lord.
2 အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ပါစေသော။ Let them be ashamed and confounded that seek after my soul: let them be turned backward, and put to confusion, that desire my hurt.
3 အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့ လှန်ခြင်းကို ခံရကြပါစေသော။ Let them be turned back for a reward of their shame that say, Aha, aha.
4 ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည်၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်း ဟု အစဉ်မပြတ် ပြောကြပါစေသော။ Let all those that seek thee rejoice and be glad in thee: and let such as love thy salvation say continually, Let God be magnified.
5 အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ဆိုင်းလင့်တော်မမူပါနှင့်။ But I am poor and needy: make haste unto me, O God: thou art my help and my deliverer; O Lord, make no tarrying.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL