로그인

시편 69편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 36절 · 대역: King James Version

절Judson (1835)King James Version
1 အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။ Save me, O God; for the waters are come in unto my soul.
2 ခြေနင်းရာမရှိ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ။ I sink in deep mire, where there is no standing: I am come into deep waters, where the floods overflow me.
3 အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ။ I am weary of my crying: my throat is dried: mine eyes fail while I wait for my God.
4 အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။ They that hate me without a cause are more than the hairs of mine head: they that would destroy me, being mine enemies wrongfully, are mighty: then I restored that which I took not away.
5 အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။ O God, thou knowest my foolishness; and my sins are not hid from thee.
6 ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။ Let not them that wait on thee, O Lord God of hosts, be ashamed for my sake: let not those that seek thee be confounded for my sake, O God of Israel.
7 ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။ Because for thy sake I have borne reproach; shame hath covered my face.
8 ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တမိတည်းသော ပေါက်ဘော်တို့တွင်၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ။ I am become a stranger unto my brethren, and an alien unto my mother’s children.
9 ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။ For the zeal of thine house hath eaten me up; and the reproaches of them that reproached thee are fallen upon me.
10 အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ When I wept, and chastened my soul with fasting, that was to my reproach.
11 လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။ I made sackcloth also my garment; and I became a proverb to them.
12 ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏။ They that sit in the gate speak against me; and I was the song of the drunkards.
13 အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။ But as for me, my prayer is unto thee, O Lord, in an acceptable time: O God, in the multitude of thy mercy hear me, in the truth of thy salvation.
14 အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော။ Deliver me out of the mire, and let me not sink: let me be delivered from them that hate me, and out of the deep waters.
15 ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။ Let not the waterflood overflow me, neither let the deep swallow me up, and let not the pit shut her mouth upon me.
16 အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကား ကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာ ပြတော်မူပါ။ Hear me, O Lord; for thy lovingkindness is good: turn unto me according to the multitude of thy tender mercies.
17 ကိုယ်တော်၏ ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင် တော်မူပါ။ And hide not thy face from thy servant; for I am in trouble: hear me speedily.
18 အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။ Draw nigh unto my soul, and redeem it: deliver me because of mine enemies.
19 အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။ Thou hast known my reproach, and my shame, and my dishonour: mine adversaries are all before thee.
20 ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။ Reproach hath broken my heart; and I am full of heaviness: and I looked for some to take pity, but there was none; and for comforters, but I found none.
21 အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။ They gave me also gall for my meat; and in my thirst they gave me vinegar to drink.
22 သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံထိုက်သောအပြစ်သော်၎င်း၊ ထောင်ချောက်သော် ၎င်း ဖြစ်ပါစေ။ Let their table become a snare before them: and that which should have been for their welfare, let it become a trap.
23 သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။ Let their eyes be darkened, that they see not; and make their loins continually to shake.
24 သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ။ Pour out thine indignation upon them, and let thy wrathful anger take hold of them.
25 သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ သူတို့အိမ်၌နေသောသူ မရှိပါစေနှင့်။ Let their habitation be desolate; and let none dwell in their tents.
26 အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။ For they persecute him whom thou hast smitten; and they talk to the grief of those whom thou hast wounded.
27 သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။ Add iniquity unto their iniquity: and let them not come into thy righteousness.
28 အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍၊ ဖြောင့်မတ်သောသူတို့နှင့် အတူမရေး မမှတ်ပါစေနှင့်။ Let them be blotted out of the book of the living, and not be written with the righteous.
29 အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။ But I am poor and sorrowful: let thy salvation, O God, set me up on high.
30 ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကို ပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ I will praise the name of God with a song, and will magnify him with thanksgiving.
31 ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွါနှင့်၎င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။ This also shall please the Lord better than an ox or bullock that hath horns and hoofs.
32 နှိမ့်ချသော သူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံး သည် အားပြည့်လိမ့်မည်။ The humble shall see this, and be glad: and your heart shall live that seek God.
33 ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။ For the Lord heareth the poor, and despiseth not his prisoners.
34 ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။ Let the heaven and earth praise him, the seas, and every thing that moveth therein.
35 ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့်၊ ထိုသူတို့တို့သည် နေ၍ ပိုင်ရကြလိမ့်မည်။ For God will save Zion, and will build the cities of Judah: that they may dwell there, and have it in possession.
36 ကျွန်တော်မျိုး၏သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍၊ နာမတော်ကို ချစ်သောသူတို့သည် နေရာ ကျရကြလိမ့်မည်။ The seed also of his servants shall inherit it: and they that love his name shall dwell therein.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL