시편 29편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 11절
- 1 အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
- 2 ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
- 3 ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
- 4 ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
- 5 ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
- 6 တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
- 7 ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
- 8 ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
- 9 ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
- 10 ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
- 11 ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗