시편 24편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 10절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။ | The earth is the Lord’s, and the fulness thereof; the world, and they that dwell therein. |
| 2 | အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။ | For he hath founded it upon the seas, and established it upon the floods. |
| 3 | ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား၊ | Who shall ascend into the hill of the Lord? or who shall stand in his holy place? |
| 4 | သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊ | He that hath clean hands, and a pure heart; who hath not lifted up his soul unto vanity, nor sworn deceitfully. |
| 5 | ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်။ | He shall receive the blessing from the Lord, and righteousness from the God of his salvation. |
| 6 | ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း။ | This is the generation of them that seek him, that seek thy face, O Jacob. Selah. |
| 7 | အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။ | Lift up your heads, O ye gates; and be ye lift up, ye everlasting doors; and the King of glory shall come in. |
| 8 | ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။ | Who is this King of glory? The Lord strong and mighty, the Lord mighty in battle. |
| 9 | အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည်။ | Lift up your heads, O ye gates; even lift them up, ye everlasting doors; and the King of glory shall come in. |
| 10 | ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။ | Who is this King of glory? The Lord of hosts, he is the King of glory. Selah. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL