로그인

시편 23편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 6절 · 대역: King James Version

절Judson (1835)King James Version
1 ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။ The Lord is my shepherd; I shall not want.
2 စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။ He maketh me to lie down in green pastures: he leadeth me beside the still waters.
3 ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။ He restoreth my soul: he leadeth me in the paths of righteousness for his name’s sake.
4 အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ Yea, though I walk through the valley of the shadow of death, I will fear no evil: for thou art with me; thy rod and thy staff they comfort me.
5 အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။ Thou preparest a table before me in the presence of mine enemies: thou anointest my head with oil; my cup runneth over.
6 အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။ Surely goodness and mercy shall follow me all the days of my life: and I will dwell in the house of the Lord for ever.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL