로그인

시편 24편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 10절

  1. 1 ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။
  2. 2 အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
  3. 3 ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား၊
  4. 4 သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
  5. 5 ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်။
  6. 6 ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း။
  7. 7 အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။
  8. 8 ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။
  9. 9 အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည်။
  10. 10 ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗