시편 131편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 3절
- 1 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။
- 2 အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာ သော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကို ဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏။
- 3 ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလ အစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗