시편 120편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 7절
- 1 အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
- 2 အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
- 3 အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။
- 4 အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။
- 5 ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။
- 6 ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။
- 7 ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗