시편 119편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 176절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။ | Blessed are the undefiled in the way, who walk in the law of the Lord. |
| 2 | သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။ | Blessed are they that keep his testimonies, and that seek him with the whole heart. |
| 3 | ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွား တတ်ကြ၏။ | They also do no iniquity: they walk in his ways. |
| 4 | အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။ | Thou hast commanded us to keep thy precepts diligently. |
| 5 | ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။ | O that my ways were directed to keep thy statutes! |
| 6 | အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။ | Then shall I not be ashamed, when I have respect unto all thy commandments. |
| 7 | ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။ | I will praise thee with uprightness of heart, when I shall have learned thy righteous judgments. |
| 8 | ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော် မမူပါနှင့်။ | I will keep thy statutes: O forsake me not utterly. |
| 9 | လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်။ | Wherewithal shall a young man cleanse his way? by taking heed thereto according to thy word. |
| 10 | အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ | With my whole heart have I sought thee: O let me not wander from thy commandments. |
| 11 | ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ | Thy word have I hid in mine heart, that I might not sin against thee. |
| 12 | အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင် တော်မူပါ။ | Blessed art thou, O Lord: teach me thy statutes. |
| 13 | စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။ | With my lips have I declared all the judgments of thy mouth. |
| 14 | ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ | I have rejoiced in the way of thy testimonies, as much as in all riches. |
| 15 | ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။ | I will meditate in thy precepts, and have respect unto thy ways. |
| 16 | အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ။ | I will delight myself in thy statutes: I will not forget thy word. |
| 17 | ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူး ပြုတော်မူပါ။ | Deal bountifully with thy servant, that I may live, and keep thy word. |
| 18 | တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။ | Open thou mine eyes, that I may behold wondrous things out of thy law. |
| 19 | အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ | I am a stranger in the earth: hide not thy commandments from me. |
| 20 | စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။ | My soul breaketh for the longing that it hath unto thy judgments at all times. |
| 21 | မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။ | Thou hast rebuked the proud that are cursed, which do err from thy commandments. |
| 22 | အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။ | Remove from me reproach and contempt; for I have kept thy testimonies. |
| 23 | မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ပြောကြ ပါ၏။ ကိုယ်တော်၏ ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။ | Princes also did sit and speak against me: but thy servant did meditate in thy statutes. |
| 24 | သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။ | Thy testimonies also are my delight and my counsellors. |
| 25 | အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။ | My soul cleaveth unto the dust: quicken thou me according to thy word. |
| 26 | အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ | I have declared my ways, and thou heardest me: teach me thy statutes. |
| 27 | ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ | Make me to understand the way of thy precepts: so shall I talk of thy wondrous works. |
| 28 | အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။ | My soul melteth for heaviness: strengthen thou me according unto thy word. |
| 29 | မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော် မူပါ။ | Remove from me the way of lying: and grant me thy law graciously. |
| 30 | သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။ | I have chosen the way of truth: thy judgments have I laid before me. |
| 31 | သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။ | I have stuck unto thy testimonies: O Lord, put me not to shame. |
| 32 | အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။ | I will run the way of thy commandments, when thou shalt enlarge my heart. |
| 33 | အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ | Teach me, O Lord, the way of thy statutes; and I shall keep it unto the end. |
| 34 | ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့် ပါမည်။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည်။ | Give me understanding, and I shall keep thy law; yea, I shall observe it with my whole heart. |
| 35 | ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။ | Make me to go in the path of thy commandments; for therein do I delight. |
| 36 | အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။ | Incline my heart unto thy testimonies, and not to covetousness. |
| 37 | အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ | Turn away mine eyes from beholding vanity; and quicken thou me in thy way. |
| 38 | ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ | Stablish thy word unto thy servant, who is devoted to thy fear. |
| 39 | အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ၏။ | Turn away my reproach which I fear: for thy judgments are good. |
| 40 | ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ | Behold, I have longed after thy precepts: quicken me in thy righteousness. |
| 41 | အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။ | Let thy mercies come also unto me, O Lord, even thy salvation, according to thy word. |
| 42 | ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည်။ | So shall I have wherewith to answer him that reproacheth me: for I trust in thy word. |
| 43 | စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။ | And take not the word of truth utterly out of my mouth; for I have hoped in thy judgments. |
| 44 | ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။ | So shall I keep thy law continually for ever and ever. |
| 45 | ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရ ပါ၏။ | And I will walk at liberty: for I seek thy precepts. |
| 46 | သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။ | I will speak of thy testimonies also before kings, and will not be ashamed. |
| 47 | အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။ | And I will delight myself in thy commandments, which I have loved. |
| 48 | နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။ | My hands also will I lift up unto thy commandments, which I have loved; and I will meditate in thy statutes. |
| 49 | အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ | Remember the word unto thy servant, upon which thou hast caused me to hope. |
| 50 | ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။ | This is my comfort in my affliction: for thy word hath quickened me. |
| 51 | မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ် မရှောင်ပါ။ | The proud have had me greatly in derision: yet have I not declined from thy law. |
| 52 | အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ၏။ | I remembered thy judgments of old, O Lord; and have comforted myself. |
| 53 | တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏။ | Horror hath taken hold upon me because of the wicked that forsake thy law. |
| 54 | အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်းဖြစ်ကြပါ၏။ | Thy statutes have been my songs in the house of my pilgrimage. |
| 55 | အို ထာဝရဘုရား၊ ညဉ့်အချိန်၌ နာမတော်ကို အကျွန်ု အောက်မေ့၍ တရားတော်ကို စောင့်ပါ၏။ | I have remembered thy name, O Lord, in the night, and have kept thy law. |
| 56 | ပေးတော်မူသော ဩဝါဒများကို နားထောင် သောအားဖြင့် အားရပါ၏။ | This I had, because I kept thy precepts. |
| 57 | အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ | Thou art my portion, O Lord: I have said that I would keep thy words. |
| 58 | ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုကို သနားတော်မူပါ။ | I intreated thy favour with my whole heart: be merciful unto me according to thy word. |
| 59 | ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။ | I thought on my ways, and turned my feet unto thy testimonies. |
| 60 | ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။ | I made haste, and delayed not to keep thy commandments. |
| 61 | မတရားသောသူ အစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ။ | The bands of the wicked have robbed me: but I have not forgotten thy law. |
| 62 | တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။ | At midnight I will rise to give thanks unto thee because of thy righteous judgments. |
| 63 | ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ၏။ | I am a companion of all them that fear thee, and of them that keep thy precepts. |
| 64 | အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ | The earth, O Lord, is full of thy mercy: teach me thy statutes. |
| 65 | အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။ | Thou hast dealt well with thy servant, O Lord, according unto thy word. |
| 66 | ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသော ဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။ | Teach me good judgment and knowledge: for I have believed thy commandments. |
| 67 | အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။ | Before I was afflicted I went astray: but now have I kept thy word. |
| 68 | ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ | Thou art good, and doest good; teach me thy statutes. |
| 69 | မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ မုသာစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။ | The proud have forged a lie against me: but I will keep thy precepts with my whole heart. |
| 70 | သူတို့နှလုံး သည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။ | Their heart is as fat as grease; but I delight in thy law. |
| 71 | အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။ | It is good for me that I have been afflicted; that I might learn thy statutes. |
| 72 | နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။ | The law of thy mouth is better unto me than thousands of gold and silver. |
| 73 | ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေ တော်မူပါ။ | Thy hands have made me and fashioned me: give me understanding, that I may learn thy commandments. |
| 74 | နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။ | They that fear thee will be glad when they see me; because I have hoped in thy word. |
| 75 | အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ | I know, O Lord, that thy judgments are right, and that thou in faithfulness hast afflicted me. |
| 76 | ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။ | Let, I pray thee, thy merciful kindness be for my comfort, according to thy word unto thy servant. |
| 77 | ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။ | Let thy tender mercies come unto me, that I may live: for thy law is my delight. |
| 78 | မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။ | Let the proud be ashamed; for they dealt perversely with me without a cause: but I will meditate in thy precepts. |
| 79 | ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။ | Let those that fear thee turn unto me, and those that have known thy testimonies. |
| 80 | ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။ | Let my heart be sound in thy statutes; that I be not ashamed. |
| 81 | အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။ | My soul fainteth for thy salvation: but I hope in thy word. |
| 82 | အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ၏။ | Mine eyes fail for thy word, saying, When wilt thou comfort me? |
| 83 | မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။ | For I am become like a bottle in the smoke; yet do I not forget thy statutes. |
| 84 | ကိုယ်တော်၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။ | How many are the days of thy servant? when wilt thou execute judgment on them that persecute me? |
| 85 | မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ။ | The proud have digged pits for me, which are not after thy law. |
| 86 | အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသည် ဖြစ်၍၊ မစတော်မူပါ။ | All thy commandments are faithful: they persecute me wrongfully; help thou me. |
| 87 | သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။ | They had almost consumed me upon earth; but I forsook not thy precepts. |
| 88 | ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော် ကို စောင့်ပါမည်။ | Quicken me after thy lovingkindness; so shall I keep the testimony of thy mouth. |
| 89 | အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ | For ever, O Lord, thy word is settled in heaven. |
| 90 | သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည်အမြဲနေပါ၏။ | Thy faithfulness is unto all generations: thou hast established the earth, and it abideth. |
| 91 | ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။ | They continue this day according to thine ordinances: for all are thy servants. |
| 92 | အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌မွေ့လျော် ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။ | Unless thy law had been my delights, I should then have perished in mine affliction. |
| 93 | ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ၏။ | I will never forget thy precepts: for with them thou hast quickened me. |
| 94 | အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ | I am thine, save me; for I have sought thy precepts. |
| 95 | အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည်။ | The wicked have waited for me to destroy me: but I will consider thy testimonies. |
| 96 | ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်း ပါ၏။ | I have seen an end of all perfection: but thy commandment is exceeding broad. |
| 97 | ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။ | O how love I thy law! it is my meditation all the day. |
| 98 | ပညတ်တရားတော်သည် အကျွန်ုပ်၏ ရန်သူတို့ ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရား တော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။ | Thou through thy commandments hast made me wiser than mine enemies: for they are ever with me. |
| 99 | သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာ အပေါင်းတို့ထက်သာ၍ နားလည်ပါ၏။ | I have more understanding than all my teachers: for thy testimonies are my meditation. |
| 100 | ကိုယ်တော်၏ ဥပဒေသများကို စောင့်သော ကြောင့်၊ အသက်ကြီးသူတို့ထက်သာ၍ ဉာဏ်ကောင်း ပါ၏။ | I understand more than the ancients, because I keep thy precepts. |
| 101 | နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏။ | I have refrained my feet from every evil way, that I might keep thy word. |
| 102 | ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။ | I have not departed from thy judgments: for thou hast taught me. |
| 103 | မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။ | How sweet are thy words unto my taste! yea, sweeter than honey to my mouth! |
| 104 | ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဉာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။ | Through thy precepts I get understanding: therefore I hate every false way. |
| 105 | နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။ | Thy word is a lamp unto my feet, and a light unto my path. |
| 106 | ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။ | I have sworn, and I will perform it, that I will keep thy righteous judgments. |
| 107 | အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ | I am afflicted very much: quicken me, O Lord, according unto thy word. |
| 108 | အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။ | Accept, I beseech thee, the freewill offerings of my mouth, O Lord, and teach me thy judgments. |
| 109 | အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။ | My soul is continually in my hand: yet do I not forget thy law. |
| 110 | မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။ | The wicked have laid a snare for me: yet I erred not from thy precepts. |
| 111 | သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။ | Thy testimonies have I taken as an heritage for ever: for they are the rejoicing of my heart. |
| 112 | အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။ | I have inclined mine heart to perform thy statutes alway, even unto the end. |
| 113 | အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။ | I hate vain thoughts: but thy law do I love. |
| 114 | ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။ | Thou art my hiding place and my shield: I hope in thy word. |
| 115 | ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။ | Depart from me, ye evildoers: for I will keep the commandments of my God. |
| 116 | အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။ | Uphold me according unto thy word, that I may live: and let me not be ashamed of my hope. |
| 117 | အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။ | Hold thou me up, and I shall be safe: and I will have respect unto thy statutes continually. |
| 118 | အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။ | Thou hast trodden down all them that err from thy statutes: for their deceit is falsehood. |
| 119 | မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။ | Thou puttest away all the wicked of the earth like dross: therefore I love thy testimonies. |
| 120 | ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။ | My flesh trembleth for fear of thee; and I am afraid of thy judgments. |
| 121 | အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။ | I have done judgment and justice: leave me not to mine oppressors. |
| 122 | ကိုယ်တော်၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့်။ | Be surety for thy servant for good: let not the proud oppress me. |
| 123 | ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။ | Mine eyes fail for thy salvation, and for the word of thy righteousness. |
| 124 | ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ | Deal with thy servant according unto thy mercy, and teach me thy statutes. |
| 125 | အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဉာဏ်ကို ပေးသနားတော်မူပါ။ | I am thy servant; give me understanding, that I may know thy testimonies. |
| 126 | အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။ | It is time for thee, Lord, to work: for they have made void thy law. |
| 127 | အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။ | Therefore I love thy commandments above gold; yea, above fine gold. |
| 128 | သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ၏။ | Therefore I esteem all thy precepts concerning all things to be right; and I hate every false way. |
| 129 | သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။ | Thy testimonies are wonderful: therefore doth my soul keep them. |
| 130 | နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။ | The entrance of thy words giveth light; it giveth understanding unto the simple. |
| 131 | ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့်၊ နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။ | I opened my mouth, and panted: for I longed for thy commandments. |
| 132 | နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနား တော်မူပါ။ | Look thou upon me, and be merciful unto me, as thou usest to do unto those that love thy name. |
| 133 | မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့်။ | Order my steps in thy word: and let not any iniquity have dominion over me. |
| 134 | လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါ မည်။ | Deliver me from the oppression of man: so will I keep thy precepts. |
| 135 | မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ ကျွန် အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ | Make thy face to shine upon thy servant; and teach me thy statutes. |
| 136 | သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ၏။ | Rivers of waters run down mine eyes, because they keep not thy law. |
| 137 | အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ၏။ | Righteous art thou, O Lord, and upright are thy judgments. |
| 138 | ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။ | Thy testimonies that thou hast commanded are righteous and very faithful. |
| 139 | ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။ | My zeal hath consumed me, because mine enemies have forgotten thy words. |
| 140 | နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။ | Thy word is very pure: therefore thy servant loveth it. |
| 141 | အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။ | I am small and despised: yet do not I forget thy precepts. |
| 142 | ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာ တရားဖြစ်ပါ၏။ | Thy righteousness is an everlasting righteousness, and thy law is the truth. |
| 143 | ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ | Trouble and anguish have taken hold on me: yet thy commandments are my delights. |
| 144 | သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ ဉာဏ်ကိုပေးသနားတော်မူပါ။ | The righteousness of thy testimonies is everlasting: give me understanding, and I shall live. |
| 145 | အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။ | I cried with my whole heart; hear me, O Lord: I will keep thy statutes. |
| 146 | ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော် မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။ | I cried unto thee; save me, and I shall keep thy testimonies. |
| 147 | မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။ | I prevented the dawning of the morning, and cried: I hoped in thy word. |
| 148 | ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။ | Mine eyes prevent the night watches, that I might meditate in thy word. |
| 149 | အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ။ | Hear my voice according unto thy lovingkindness: O Lord, quicken me according to thy judgment. |
| 150 | မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရားနှင့် ဝေးကြပါ၏။ | They draw nigh that follow after mischief: they are far from thy law. |
| 151 | အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ ၏။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြ ပါ၏။ | Thou art near, O Lord; and all thy commandments are truth. |
| 152 | သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။ | Concerning thy testimonies, I have known of old that thou hast founded them for ever. |
| 153 | အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့ မလျော့ပါ။ | Consider mine affliction, and deliver me: for I do not forget thy law. |
| 154 | အကျွန်ုပ် အမှုကို စောင့်၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ။ | Plead my cause, and deliver me: quicken me according to thy word. |
| 155 | မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။ | Salvation is far from the wicked: for they seek not thy statutes. |
| 156 | အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ | Great are thy tender mercies, O Lord: quicken me according to thy judgments. |
| 157 | အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။ | Many are my persecutors and mine enemies; yet do I not decline from thy testimonies. |
| 158 | သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။ | I beheld the transgressors, and was grieved; because they kept not thy word. |
| 159 | ကိုယ်တော်၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ။ | Consider how I love thy precepts: quicken me, O Lord, according to thy lovingkindness. |
| 160 | နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။ | Thy word is true from the beginning: and every one of thy righteous judgments endureth for ever. |
| 161 | အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ၏။ | Princes have persecuted me without a cause: but my heart standeth in awe of thy word. |
| 162 | လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။ | I rejoice at thy word, as one that findeth great spoil. |
| 163 | မုသာစကားကို ကြားပျင်းရွံရှာပါ၏။ တရား တော်ကိုကား နှစ်သက်ပါ၏။ | I hate and abhor lying: but thy law do I love. |
| 164 | ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။ | Seven times a day do I praise thee because of thy righteous judgments. |
| 165 | တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။ | Great peace have they which love thy law: and nothing shall offend them. |
| 166 | အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။ | Lord, I have hoped for thy salvation, and done thy commandments. |
| 167 | သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။ | My soul hath kept thy testimonies; and I love them exceedingly. |
| 168 | ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။ | I have kept thy precepts and thy testimonies: for all my ways are before thee. |
| 169 | အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဉာဏ်ကို ပေးသနားတော်မူပါ။ | Let my cry come near before thee, O Lord: give me understanding according to thy word. |
| 170 | အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ | Let my supplication come before thee: deliver me according to thy word. |
| 171 | အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည်။ | My lips shall utter praise, when thou hast taught me thy statutes. |
| 172 | အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။ | My tongue shall speak of thy word: for all thy commandments are righteousness. |
| 173 | ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။ | Let thine hand help me; for I have chosen thy precepts. |
| 174 | အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ၏။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ | I have longed for thy salvation, O Lord; and thy law is my delight. |
| 175 | အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။ | Let my soul live, and it shall praise thee; and let thy judgments help me. |
| 176 | ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။ | I have gone astray like a lost sheep; seek thy servant; for I do not forget thy commandments. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL