시편 106편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 48절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ | Praise ye the Lord. O give thanks unto the Lord; for he is good: for his mercy endureth for ever. |
| 2 | ထာဝရဘုရား၏ တန်ခိုးကြီးခြင်း အရာတော် တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြနိုင်သနည်း။ | Who can utter the mighty acts of the Lord? who can shew forth all his praise? |
| 3 | ခပ်သိမ်းသော အခါတို့၌ တရားကို စောင့် ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ | Blessed are they that keep judgment, and he that doeth righteousness at all times. |
| 4 | အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသော သူတို့၏ကောင်းကျိုးကို မြင်စေခြင်းငှါ၎င်း၊ | Remember me, O Lord, with the favour that thou bearest unto thy people: O visit me with thy salvation; |
| 5 | ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အကျွန်ုပ်ကို အောက်မေ့တော် မူပါ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ၍ ကယ်တင်တော် မူပါ။ | That I may see the good of thy chosen, that I may rejoice in the gladness of thy nation, that I may glory with thine inheritance. |
| 6 | အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရားသောအမှုကို ပြုကြပါပြီ။ | We have sinned with our fathers, we have committed iniquity, we have done wickedly. |
| 7 | အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့ဩဘွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာ တော်ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။ | Our fathers understood not thy wonders in Egypt; they remembered not the multitude of thy mercies; but provoked him at the sea, even at the Red sea. |
| 8 | သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှား စေခြင်းငှါ၊ နာမတော်၏အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။ | Nevertheless he saved them for his name’s sake, that he might make his mighty power to be known. |
| 9 | ဧဒုံပင်လယ်ကို ဆုံးမတော်မူ၍၊ ပင်လယ်ရေ သည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။ | He rebuked the Red sea also, and it was dried up: so he led them through the depths, as through the wilderness. |
| 10 | မုန်းသောသူ၏လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏လက်မှ ရွေးနှုတ်တော်မူ၏။ | And he saved them from the hand of him that hated them, and redeemed them from the hand of the enemy. |
| 11 | ရန်သူတစုံတယောက်ကိုမျှ မကျန်ရစ်စေခြင်းငှါ၊ ရေသည် လွှမ်း မိုးလေ၏။ | And the waters covered their enemies: there was not one of them left. |
| 12 | ထိုအခါ စကားတော်ကို ယုံ၍ ဂုဏ်ကျေးဇူး တော်ကို သီချင်းဆိုကြ၏။ | Then believed they his words; they sang his praise. |
| 13 | သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍၊ အကြံအစည်တော်ကို မဆိုင်းမလင့် ဘဲ၊ | They soon forgat his works; they waited not for his counsel: |
| 14 | တော၌အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ် ၌ ဘုရားသခင်ကို စုံစမ်းကြ၏။ | But lusted exceedingly in the wilderness, and tempted God in the desert. |
| 15 | သူတို့တောင်းသော ဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေး တော်မူ၏။ | And he gave them their request; but sent leanness into their soul. |
| 16 | ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူအာရုန်ကို၎င်း ငြူစူကြ၏။ | They envied Moses also in the camp, and Aaron the saint of the Lord. |
| 17 | မြေကြီးသည် ကွဲလျက် ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။ | The earth opened and swallowed up Dathan, and covered the company of Abiram. |
| 18 | သူတို့အသင်းအဝင်ထဲမှာ မီးရှို့၍၊ မတရားသော သူတို့ကို လောင်လေ၏။ | And a fire was kindled in their company; the flame burned up the wicked. |
| 19 | သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ် ကို လုပ်၍၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။ | They made a calf in Horeb, and worshipped the molten image. |
| 20 | သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ ပုံသဏ္ဍာန်ကို ယူကြ၏။ | Thus they changed their glory into the similitude of an ox that eateth grass. |
| 21 | အဲဂုတ္တုပြည်၌ ကြီးသော အမှုတို့ကို၎င်း၊ | They forgat God their saviour, which had done great things in Egypt; |
| 22 | ဟာမအမျိုးနေရာ၌ အံ့ဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ ကို၎င်း ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင် ကို မေ့လျော့ကြ၏။ | Wondrous works in the land of Ham, and terrible things by the Red sea. |
| 23 | ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကို လွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေ ခြင်းငှါ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။ | Therefore he said that he would destroy them, had not Moses his chosen stood before him in the breach, to turn away his wrath, lest he should destroy them. |
| 24 | ထိုသူတို့သည်လည်း စကားတော်ကို မယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။ | Yea, they despised the pleasant land, they believed not his word: |
| 25 | မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲနေကြ၏။ | But murmured in their tents, and hearkened not unto the voice of the Lord. |
| 26 | ထိုကြောင့် သူတို့ကို တော၌လှဲခြင်းငှါ၎င်း၊ | Therefore he lifted up his hand against them, to overthrow them in the wilderness: |
| 27 | သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။ | To overthrow their seed also among the nations, and to scatter them in the lands. |
| 28 | ထိုသူတို့သည် ဗာလပေဂုရဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။ | They joined themselves also unto Baal–peor, and ate the sacrifices of the dead. |
| 29 | ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။ | Thus they provoked him to anger with their inventions: and the plague brake in upon them. |
| 30 | ထိုအခါ ဖိနဟတ်သည် ထ၍တရားစီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။ | Then stood up Phinehas, and executed judgment: and so the plague was stayed. |
| 31 | ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရ သတည်း။ | And that was counted unto him for righteousness unto all generations for evermore. |
| 32 | တဖန် မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာဖြစ်လေ၏။ | They angered him also at the waters of strife, so that it went ill with Moses for their sakes: |
| 33 | သူ၏စိတ်ကို ချုပ်ချယ်နှောင့်ရှက်ကြသဖြင့်၊ သူသည် အမှတ်တမဲ့ မြွက်ဆို၏။ | Because they provoked his spirit, so that he spake unadvisedly with his lips. |
| 34 | ထာဝရဘုရားမိန့်တော်မူသည် အတိုင်းမပြု၊ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။ | They did not destroy the nations, concerning whom the Lord commanded them: |
| 35 | သူတို့နှင့်ရောနှော၍ သူတို့၏ ဘာသာဓလေ့ကို သင်ကြ၏။ | But were mingled among the heathen, and learned their works. |
| 36 | သူတို့၏ရုပ်တုများကို ဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။ | And they served their idols: which were a snare unto them. |
| 37 | ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ် ပူဇော်ကြ၏။ | Yea, they sacrificed their sons and their daughters unto devils, |
| 38 | ထိုသို့အပြစ်မရှိသော သူတို့၏ အသွေး၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူး လေ၏။ | And shed innocent blood, even the blood of their sons and of their daughters, whom they sacrificed unto the idols of Canaan: and the land was polluted with blood. |
| 39 | သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။ | Thus were they defiled with their own works, and went a whoring with their own inventions. |
| 40 | ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။ | Therefore was the wrath of the Lord kindled against his people, insomuch that he abhorred his own inheritance. |
| 41 | သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော် မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။ | And he gave them into the hand of the heathen; and they that hated them ruled over them. |
| 42 | ရန်သူတို့သည် ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့ အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။ | Their enemies also oppressed them, and they were brought into subjection under their hand. |
| 43 | သူတို့ကို ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူသော်လည်း၊ ပုန်ကန်သော အကြံကိုသာ ကြံ၍၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ၏။ | Many times did he deliver them; but they provoked him with their counsel, and were brought low for their iniquity. |
| 44 | တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင်၊ သူတို့၌ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊ | Nevertheless he regarded their affliction, when he heard their cry: |
| 45 | ဝန်ခံခြင်းဂတိတော်ကို သူတို့အဘို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော် မူ၏။ | And he remembered for them his covenant, and repented according to the multitude of his mercies. |
| 46 | သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်း တို့သည် သနားရကြမည်အကြောင်း ပြုတော်မူ၏။ | He made them also to be pitied of all those that carried them captives. |
| 47 | အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသော နာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်း ခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တပါးအမျိုးသားတို့အထဲက နှုတ်ယူ၍ စုသိမ်းတော်မူပါ။ | Save us, O Lord our God, and gather us from among the heathen, to give thanks unto thy holy name, and to triumph in thy praise. |
| 48 | ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ။ ဟာလေ လုယ။ | Blessed be the Lord God of Israel from everlasting to everlasting: and let all the people say, Amen. Praise ye the Lord. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL