시편 105편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 45절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။ | O give thanks unto the Lord; call upon his name: make known his deeds among the people. |
| 2 | ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။ | Sing unto him, sing psalms unto him: talk ye of all his wondrous works. |
| 3 | သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ | Glory ye in his holy name: let the heart of them rejoice that seek the Lord. |
| 4 | ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။ | Seek the Lord, and his strength: seek his face evermore. |
| 5 | စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း အောက်မေ့ကြလော့။ | Remember his marvellous works that he hath done; his wonders, and the judgments of his mouth; |
| 6 | ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊ | O ye seed of Abraham his servant, ye children of Jacob his chosen. |
| 7 | ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရား စီရင်ပိုင်တော်မူ၏။ | He is the Lord our God: his judgments are in all the earth. |
| 8 | ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊ | He hath remembered his covenant for ever, the word which he commanded to a thousand generations. |
| 9 | အလွန်နည်း၍ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ | Which covenant he made with Abraham, and his oath unto Isaac; |
| 10 | အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ | And confirmed the same unto Jacob for a law, and to Israel for an everlasting covenant: |
| 11 | ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ | Saying, Unto thee will I give the land of Canaan, the lot of your inheritance: |
| 12 | လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။ | When they were but a few men in number; yea, very few, and strangers in it. |
| 13 | သူတို့သည် တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊ | When they went from one nation to another, from one kingdom to another people; |
| 14 | သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊ | He suffered no man to do them wrong: yea, he reproved kings for their sakes; |
| 15 | ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ | Saying, Touch not mine anointed, and do my prophets no harm. |
| 16 | တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊ | Moreover he called for a famine upon the land: he brake the whole staff of bread. |
| 17 | ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။ | He sent a man before them, even Joseph, who was sold for a servant: |
| 18 | သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။ | Whose feet they hurt with fetters: he was laid in iron: |
| 19 | သူ၏စကား မပြည့်စုံမှီတိုင်အောင်၊ ထာဝရ ဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။ | Until the time that his word came: the word of the Lord tried him. |
| 20 | လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။ | The king sent and loosed him; even the ruler of the people, and let him go free. |
| 21 | သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင်၍၊ | He made him lord of his house, and ruler of all his substance: |
| 22 | မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။ | To bind his princes at his pleasure; and teach his senators wisdom. |
| 23 | ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။ | Israel also came into Egypt; and Jacob sojourned in the land of Ham. |
| 24 | ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။ | And he increased his people greatly; and made them stronger than their enemies. |
| 25 | မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ၏။ | He turned their heart to hate his people, to deal subtilly with his servants. |
| 26 | တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။ | He sent Moses his servant; and Aaron whom he had chosen. |
| 27 | အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေ တော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ | They shewed his signs among them, and wonders in the land of Ham. |
| 28 | မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။ | He sent darkness, and made it dark; and they rebelled not against his word. |
| 29 | သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။ | He turned their waters into blood, and slew their fish. |
| 30 | သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ပင်ဘွားလေ၏။ | Their land brought forth frogs in abundance, in the chambers of their kings. |
| 31 | အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။ | He spake, and there came divers sorts of flies, and lice in all their coasts. |
| 32 | မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။ | He gave them hail for rain, and flaming fire in their land. |
| 33 | သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။ | He smote their vines also and their fig trees; and brake the trees of their coasts. |
| 34 | အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊ | He spake, and the locusts came, and caterpillers, and that without number, |
| 35 | သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။ | And did eat up all the herbs in their land, and devoured the fruit of their ground. |
| 36 | သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။ | He smote also all the firstborn in their land, the chief of all their strength. |
| 37 | မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။ | He brought them forth also with silver and gold: and there was not one feeble person among their tribes. |
| 38 | အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။ | Egypt was glad when they departed: for the fear of them fell upon them. |
| 39 | သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။ | He spread a cloud for a covering; and fire to give light in the night. |
| 40 | သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။ | The people asked, and he brought quails, and satisfied them with the bread of heaven. |
| 41 | ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။ | He opened the rock, and the waters gushed out; they ran in the dry places like a river. |
| 42 | အကြောင်းမူကား၊ မိမိကျွန် အာဗြဟံ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ၏။ | For he remembered his holy promise, and Abraham his servant. |
| 43 | ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ | And he brought forth his people with joy, and his chosen with gladness: |
| 44 | သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။ | And gave them the lands of the heathen: and they inherited the labour of the people; |
| 45 | သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။ | That they might observe his statutes, and keep his laws. Praise ye the Lord. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL