로그인

갈라디아서 6장 Judson (1835)

Judson (1835) · 미얀마어 · 갈라디아서 (Galatians) · 18절 · 대역: King James Version

절Judson (1835)King James Version
1 ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။ Brethren, if a man be overtaken in a fault, ye which are spiritual, restore such an one in the spirit of meekness; considering thyself, lest thou also be tempted.
2 ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။ Bear ye one another’s burdens, and so fulfil the law of Christ.
3 အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။ For if a man think himself to be something, when he is nothing, he deceiveth himself.
4 လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။ But let every man prove his own work, and then shall he have rejoicing in himself alone, and not in another.
5 အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။ For every man shall bear his own burden.
6 နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။ Let him that is taught in the word communicate unto him that teacheth in all good things.
7 အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ Be not deceived; God is not mocked: for whatsoever a man soweth, that shall he also reap.
8 မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ For he that soweth to his flesh shall of the flesh reap corruption; but he that soweth to the Spirit shall of the Spirit reap life everlasting.
9 ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ And let us not be weary in well doing: for in due season we shall reap, if we faint not.
10 ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။ As we have therefore opportunity, let us do good unto all men, especially unto them who are of the household of faith.
11 အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။ Ye see how large a letter I have written unto you with mine own hand.
12 မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ၏။ As many as desire to make a fair shew in the flesh, they constrain you to be circumcised; only lest they should suffer persecution for the cross of Christ.
13 အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ၏။ For neither they themselves who are circumcised keep the law; but desire to have you circumcised, that they may glory in your flesh.
14 ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ But God forbid that I should glory, save in the cross of our Lord Jesus Christ, by whom the world is crucified unto me, and I unto the world.
15 အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။ For in Christ Jesus neither circumcision availeth any thing, nor uncircumcision, but a new creature.
16 ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုး အပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။ And as many as walk according to this rule, peace be on them, and mercy, and upon the Israel of God.
17 ယခုမှစ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏။ From henceforth let no man trouble me: for I bear in my body the marks of the Lord Jesus.
18 ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။ ဂလာတိဩဝါဒစာပြီး၏။ Brethren, the grace of our Lord Jesus Christ be with your spirit. Amen. Unto the Galatians written from Rome.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL