갈라디아서 5장 Judson (1835)
Judson (1835) · 미얀마어 · 갈라디아서 (Galatians) · 26절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းဘိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။ | Stand fast therefore in the liberty wherewith Christ hath made us free, and be not entangled again with the yoke of bondage. |
| 2 | ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုး ကိုမျှမရနိုင်ကြ။ | Behold, I Paul say unto you, that if ye be circumcised, Christ shall profit you nothing. |
| 3 | အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။ | For I testify again to every man that is circumcised, that he is a debtor to do the whole law. |
| 4 | ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ကြပြီ။ | Christ is become of no effect unto you, whosoever of you are justified by the law; ye are fallen from grace. |
| 5 | ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။ | For we through the Spirit wait for the hope of righteousness by faith. |
| 6 | ယေရှုခရစ်တော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ | For in Jesus Christ neither circumcision availeth any thing, nor uncircumcision; but faith which worketh by love. |
| 7 | အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း။ | Ye did run well; who did hinder you that ye should not obey the truth? |
| 8 | ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ဩဝါဒကိုအမှီပြု၍ ယူသောအယူမဟုတ်။ | This persuasion cometh not of him that calleth you. |
| 9 | အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖေါင်းကြွစေတတ်၏။ | A little leaven leaveneth the whole lump. |
| 10 | သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောက်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကိုခံရလိမ့်မည်။ | I have confidence in you through the Lord, that ye will be none otherwise minded: but he that troubleth you shall bear his judgment, whosoever he be. |
| 11 | တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။ | And I, brethren, if I yet preach circumcision, why do I yet suffer persecution? then is the offence of the cross ceased. |
| 12 | သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှါ ငါအလိုရှိ၏။ | I would they were even cut off which trouble you. |
| 13 | ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။ | For, brethren, ye have been called unto liberty; only use not liberty for an occasion to the flesh, but by love serve one another. |
| 14 | အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။ | For all the law is fulfilled in one word, even in this; Thou shalt love thy neighbour as thyself. |
| 15 | သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြလော့။ | But if ye bite and devour one another, take heed that ye be not consumed one of another. |
| 16 | ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။ | This I say then, Walk in the Spirit, and ye shall not fulfil the lust of the flesh. |
| 17 | အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။ | For the flesh lusteth against the Spirit, and the Spirit against the flesh: and these are contrary the one to the other: so that ye cannot do the things that ye would. |
| 18 | သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။ | But if ye be led of the Spirit, ye are not under the law. |
| 19 | ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊ | Now the works of the flesh are manifest, which are these; Adultery, fornication, uncleanness, lasciviousness, |
| 20 | ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊ | Idolatry, witchcraft, hatred, variance, emulations, wrath, strife, seditions, heresies, |
| 21 | သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ | Envyings, murders, drunkenness, revellings, and such like: of the which I tell you before, as I have also told you in time past, that they which do such things shall not inherit the kingdom of God. |
| 22 | ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ | But the fruit of the Spirit is love, joy, peace, longsuffering, gentleness, goodness, faith, |
| 23 | နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။ | Meekness, temperance: against such there is no law. |
| 24 | ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။ | And they that are Christ’s have crucified the flesh with the affections and lusts. |
| 25 | သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။ | If we live in the Spirit, let us also walk in the Spirit. |
| 26 | အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။ | Let us not be desirous of vain glory, provoking one another, envying one another. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL