호세아 5장 Judson (1835)
Judson (1835) · 미얀마어 · 호세아 (Hosea) · 15절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အို ယဇ်ပုရောဟိတ် တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော် သားတို့၊ နားထောင်ကြလော့။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ။ | Hear ye this, O priests; and hearken, ye house of Israel; and give ye ear, O house of the king; for judgment is toward you, because ye have been a snare on Mizpah, and a net spread upon Tabor. |
| 2 | ယဇ်ကောင် တို့ကိုသတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ၏။ ထိုကြောင့်၊ ငါသည် ထိုသူအပေါင်းတို့၌ အပြစ်ဒဏ် ပေးမည်။ | And the revolters are profound to make slaughter, though I have been a rebuker of them all. |
| 3 | ဧဖရိမ်ကို ငါသိ၏။ ဣသရေလသည်လည်းငါ့ရှေ့မှ ပုန်းရှောင်၍ မနေနိုင်။ ယခုပင် အိုဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။ | I know Ephraim, and Israel is not hid from me: for now, O Ephraim, thou committest whoredom, and Israel is defiled. |
| 4 | သူတို့သည်ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့် ထံတော်သို့ပြန်၍ မလာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကိုမသိကြ။ | They will not frame their doings to turn unto their God: for the spirit of whoredoms is in the midst of them, and they have not known the Lord. |
| 5 | ဣသရေလအမျိုး၏ မာနသည်သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့ အပြစ်၌လဲ၍၊ သူတို့နှင့် အတူယုဒ အမျိုးသည်လည်းလဲလိမ့်မည်။ | And the pride of Israel doth testify to his face: therefore shall Israel and Ephraim fall in their iniquity; Judah also shall fall with them. |
| 6 | သိုးစု နွားစု ပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။ | They shall go with their flocks and with their herds to seek the Lord; but they shall not find him; he hath withdrawn himself from them. |
| 7 | သူတို့သည်ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည်။ | They have dealt treacherously against the Lord: for they have begotten strange children: now shall a month devour them with their portions. |
| 8 | ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။ | Blow ye the cornet in Gibeah, and the trumpet in Ramah: cry aloud at Beth–aven, after thee, O Benjamin. |
| 9 | ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ၏။ | Ephraim shall be desolate in the day of rebuke: among the tribes of Israel have I made known that which shall surely be. |
| 10 | ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သော သူကဲ့သို့ ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။ | The princes of Judah were like them that remove the bound: therefore I will pour out my wrath upon them like water. |
| 11 | ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ၏။ တရား စီရင်ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်း ကျင့်လေပြီ။ | Ephraim is oppressed and broken in judgment, because he willingly walked after the commandment. |
| 12 | ထိုကြောင့်၊ ငါသည် ဧဖရိမ်၌ ကိုက်တတ်သော ပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သော အနာကဲ့သို့ ဖြစ်မည်။ | Therefore will I be unto Ephraim as a moth, and to the house of Judah as rottenness. |
| 13 | ဧဖရိမ်သည် မိမိအပေါက်တို့ကို၎င်း၊ ယုဒသည် မိမိအနာကို၎င်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှု ရှိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါ်ကို မဖါနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။ | When Ephraim saw his sickness, and Judah saw his wound, then went Ephraim to the Assyrian, and sent to king Jareb: yet could he not heal you, nor cure you of your wound. |
| 14 | အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်မည်။ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနှုတ်ရ။ | For I will be unto Ephraim as a lion, and as a young lion to the house of Judah: I, even I, will tear and go away; I will take away, and none shall rescue him. |
| 15 | သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့မျက်နှာ ကို မရှာမှီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား ၍ ရှာကြလိမ့်မည်။ | I will go and return to my place, till they acknowledge their offence, and seek my face: in their affliction they will seek me early. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL