호세아 12장 Judson (1835)
Judson (1835) · 미얀마어 · 호세아 (Hosea) · 14절
- 1 ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။
- 2 ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။
- 3 ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။
- 4 ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။
- 5 ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
- 6 သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။
- 7 သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။
- 8 သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။
- 9 ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့၌ နေစေမည်။
- 10 ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
- 11 ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ် ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
- 12 ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
- 13 ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ၏။
- 14 ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သော အပြစ် သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗