창세기 35장 Judson (1835)
Judson (1835) · 미얀마어 · 창세기 (Genesis) · 29절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလ အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ် အား မိန့်တော်မူ၏။ | And God said unto Jacob, Arise, go up to Beth–el, and dwell there: and make there an altar unto God, that appeared unto thee when thou fleddest from the face of Esau thy brother. |
| 2 | ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။ | Then Jacob said unto his household, and to all that were with him, Put away the strange gods that are among you, and be clean, and change your garments: |
| 3 | ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင် ကို ငါတည်မည်ဟု ဆိုလေ၏။ | And let us arise, and go up to Beth–el; and I will make there an altar unto God, who answered me in the day of my distress, and was with me in the way which I went. |
| 4 | သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက်၌ မြှုပ်ထားလေ၏။ | And they gave unto Jacob all the strange gods which were in their hand, and all their earrings which were in their ears; and Jacob hid them under the oak which was by Shechem. |
| 5 | သူတို့ပြောင်းသွား ကြသောအခါ၊ပတ်ဝန်းကျင် မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ် သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။ | And they journeyed: and the terror of God was upon the cities that were round about them, and they did not pursue after the sons of Jacob. |
| 6 | ယာကုပ်သည် မိမိ၌ပါသော သူအပေါင်းနှင့် တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက်ကြသော်၊ | So Jacob came to Luz, which is in the land of Canaan, that is, Beth–el, he and all the people that were with him. |
| 7 | ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလ အမည်ဖြင့် တဖန် သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှ ပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း။ | And he built there an altar, and called the place El–beth–el: because there God appeared unto him, when he fled from the face of his brother. |
| 8 | ရေဗက္က၏အထိန်း ဒေဗောရသေ၍၊ ဗေသလ အရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍ တွင်သတည်း။ | But Deborah Rebekah’s nurse died, and she was buried beneath Beth–el under an oak: and the name of it was called Allon–bachuth. |
| 9 | ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသော နောက်၊ တဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေး တော်မူပြီးလျှင်၊ | And God appeared unto Jacob again, when he came out of Padan–aram, and blessed him. |
| 10 | သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။ | And God said unto him, Thy name is Jacob: thy name shall not be called any more Jacob, but Israel shall be thy name: and he called his name Israel. |
| 11 | တဖန် ဘုရားသခင်က၊ငါသည် အနန္တတန်ခိုး ရှင် ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုး မက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏ အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။ | And God said unto him, I am God Almighty: be fruitful and multiply; a nation and a company of nations shall be of thee, and kings shall come out of thy loins; |
| 12 | အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော် မူ၏။ | And the land which I gave Abraham and Isaac, to thee I will give it, and to thy seed after thee will I give the land. |
| 13 | ထိုသို့ ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူ ရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။ | And God went up from him in the place where he talked with him. |
| 14 | ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာ အရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကို စိုက်၍၊ ကျောက် ဖျာပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်း လောင်းလေ၏။ | And Jacob set up a pillar in the place where he talked with him, even a pillar of stone: and he poured a drink offering thereon, and he poured oil thereon. |
| 15 | ဗျာဒိတ်တော်ကို ခံရသောထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။ | And Jacob called the name of the place where God spake with him, Beth–el. |
| 16 | ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွား ပြန်၍၊ ဧဖရတ်မြို့နှင့် နီးသောအခါ၊ ရာခေလသည် သား ဘွားအံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။ | And they journeyed from Beth–el; and there was but a little way to come to Ephrath: and Rachel travailed, and she had hard labour. |
| 17 | ထိုသို့ပြင်းစွာ ခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ် နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။ | And it came to pass, when she was in hard labour, that the midwife said unto her, Fear not; thou shalt have this son also. |
| 18 | ရာခေလသည် သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ် ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့် မှည့်သတည်း။ | And it came to pass, as her soul was in departing, (for she died) that she called his name Ben–oni: but his father called him Benjamin. |
| 19 | ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ | And Rachel died, and was buried in the way to Ephrath, which is Beth–lehem. |
| 20 | ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကို စိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်။ | And Jacob set a pillar upon her grave: that is the pillar of Rachel’s grave unto this day. |
| 21 | ဣသရေလသည် တဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။ | And Israel journeyed, and spread his tent beyond the tower of Edar. |
| 22 | ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်း ကို ဣသရေလကြား၏။ | And it came to pass, when Israel dwelt in that land, that Reuben went and lay with Bilhah his father’s concubine: and Israel heard it. Now the sons of Jacob were twelve: |
| 23 | ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာတွင် မြင်သော သားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသော ရှိမောင်၊ လေဝိ၊ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။ | The sons of Leah; Reuben, Jacob’s firstborn, and Simeon, and Levi, and Judah, and Issachar, and Zebulun: |
| 24 | ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း။ | The sons of Rachel; Joseph, and Benjamin: |
| 25 | ရာခေလ၏ ကျွန်မ ဗိလဟာ သားကား၊ ဒန်နှင့် နဿလိတည်း။ | And the sons of Bilhah, Rachel’s handmaid; Dan, and Naphtali: |
| 26 | လေအာ၏ ကျွန်မ ဇိလပ သားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဘွားမြင် သော ယာကုပ်၏သားများတည်း။ | And the sons of Zilpah, Leah’s handmaid; Gad, and Asher: these are the sons of Jacob, which were born to him in Padan–aram. |
| 27 | ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက် တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက် လေ၏။ | And Jacob came unto Isaac his father unto Mamre, unto the city of Arbah, which is Hebron, where Abraham and Isaac sojourned. |
| 28 | ဣဇာက် အသက်သည် အနှစ်တရာရှစ်ဆယ်နှင့် ပြည့်စုံသည်ရှိသော်၊ | And the days of Isaac were an hundred and fourscore years. |
| 29 | အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌ အသက် ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ ရောက် လေ၏။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။ | And Isaac gave up the ghost, and died, and was gathered unto his people, being old and full of days: and his sons Esau and Jacob buried him. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL