전도서 7장 Judson (1835)
Judson (1835) · 미얀마어 · 전도서 (Ecclesiastes) · 29절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။ | A good name is better than precious ointment; and the day of death than the day of one’s birth. |
| 2 | မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။ | It is better to go to the house of mourning, than to go to the house of feasting: for that is the end of all men; and the living will lay it to his heart. |
| 3 | ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။ | Sorrow is better than laughter: for by the sadness of the countenance the heart is made better. |
| 4 | ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။ | The heart of the wise is in the house of mourning; but the heart of fools is in the house of mirth. |
| 5 | လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။ | It is better to hear the rebuke of the wise, than for a man to hear the song of fools. |
| 6 | အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ | For as the crackling of thorns under a pot, so is the laughter of the fool: this also is vanity. |
| 7 | အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ | Surely oppression maketh a wise man mad; and a gift destroyeth the heart. |
| 8 | အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။ | Better is the end of a thing than the beginning thereof: and the patient in spirit is better than the proud in spirit. |
| 9 | အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။ | Be not hasty in thy spirit to be angry: for anger resteth in the bosom of fools. |
| 10 | ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။ | Say not thou, What is the cause that the former days were better than these? for thou dost not enquire wisely concerning this. |
| 11 | ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။ | Wisdom is good with an inheritance: and by it there is profit to them that see the sun. |
| 12 | အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ | For wisdom is a defence, and money is a defence: but the excellency of knowledge is, that wisdom giveth life to them that have it. |
| 13 | ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။ | Consider the work of God: for who can make that straight, which he hath made crooked? |
| 14 | ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။ | In the day of prosperity be joyful, but in the day of adversity consider: God also hath set the one over against the other, to the end that man should find nothing after him. |
| 15 | ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။ | All things have I seen in the days of my vanity: there is a just man that perisheth in his righteousness, and there is a wicked man that prolongeth his life in his wickedness. |
| 16 | လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။ | Be not righteous over much; neither make thyself over wise: why shouldest thou destroy thyself? |
| 17 | လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။ | Be not over much wicked, neither be thou foolish: why shouldest thou die before thy time? |
| 18 | ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။ | It is good that thou shouldest take hold of this; yea, also from this withdraw not thine hand: for he that feareth God shall come forth of them all. |
| 19 | မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုး ကြီး၏။ | Wisdom strengtheneth the wise more than ten mighty men which are in the city. |
| 20 | အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။ | For there is not a just man upon earth, that doeth good, and sinneth not. |
| 21 | သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြု လျှင်၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။ | Also take no heed unto all words that are spoken; lest thou hear thy servant curse thee: |
| 22 | သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။ | For oftentimes also thine own heart knoweth that thou thyself likewise hast cursed others. |
| 23 | ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏။ | All this have I proved by wisdom: I said, I will be wise; but it was far from me. |
| 24 | ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။ | That which is far off, and exceeding deep, who can find it out? |
| 25 | ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။ | I applied mine heart to know, and to search, and to seek out wisdom, and the reason of things, and to know the wickedness of folly, even of foolishness and madness: |
| 26 | ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။ | And I find more bitter than death the woman, whose heart is snares and nets, and her hands as bands: whoso pleaseth God shall escape from her; but the sinner shall be taken by her. |
| 27 | ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ၊ | Behold, this have I found, saith the preacher, counting one by one, to find out the account: |
| 28 | ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။ | Which yet my soul seeketh, but I find not: one man among a thousand have I found; but a woman among all those have I not found. |
| 29 | ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။ | Lo, this only have I found, that God hath made man upright; but they have sought out many inventions. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL