이사야 64장 Judson (1835)
Judson (1835) · 미얀마어 · 이사야 (Isaiah) · 12절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။ | Oh that thou wouldest rend the heavens, that thou wouldest come down, that the mountains might flow down at thy presence, |
| 2 | မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။ | As when the melting fire burneth, the fire causeth the waters to boil, to make thy name known to thine adversaries, that the nations may tremble at thy presence! |
| 3 | အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။ | When thou didst terrible things which we looked not for, thou camest down, the mountains flowed down at thy presence. |
| 4 | ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။ | For since the beginning of the world men have not heard, nor perceived by the ear, neither hath the eye seen, O God, beside thee, what he hath prepared for him that waiteth for him. |
| 5 | ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော။ | Thou meetest him that rejoiceth and worketh righteousness, those that remember thee in thy ways: behold, thou art wroth; for we have sinned: in those is continuance, and we shall be saved. |
| 6 | အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။ | But we are all as an unclean thing, and all our righteousnesses are as filthy rags; and we all do fade as a leaf; and our iniquities, like the wind, have taken us away. |
| 7 | နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။ | And there is none that calleth upon thy name, that stirreth up himself to take hold of thee: for thou hast hid thy face from us, and hast consumed us, because of our iniquities. |
| 8 | သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ | But now, O Lord, thou art our father; we are the clay, and thou our potter; and we all are the work of thy hand. |
| 9 | အိုထာဝရဘုရား၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏ လူဖြစ်ကြပါ၏။ | Be not wroth very sore, O Lord, neither remember iniquity for ever: behold, see, we beseech thee, we are all thy people. |
| 10 | သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ။ | Thy holy cities are a wilderness, Zion is a wilderness, Jerusalem a desolation. |
| 11 | ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ၏။ | Our holy and our beautiful house, where our fathers praised thee, is burned up with fire: and all our pleasant things are laid waste. |
| 12 | အိုထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။ | Wilt thou refrain thyself for these things, O Lord? wilt thou hold thy peace, and afflict us very sore? |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL