이사야 43장 Judson (1835)
Judson (1835) · 미얀마어 · 이사야 (Isaiah) · 28절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အိုယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ | But now thus saith the Lord that created thee, O Jacob, and he that formed thee, O Israel, Fear not: for I have redeemed thee, I have called thee by thy name; thou art mine. |
| 2 | သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။ | When thou passest through the waters, I will be with thee; and through the rivers, they shall not overflow thee: when thou walkest through the fire, thou shalt not be burned; neither shall the flame kindle upon thee. |
| 3 | အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။ | For I am the Lord thy God, the Holy One of Israel, thy Saviour: I gave Egypt for thy ransom, Ethiopia and Seba for thee. |
| 4 | သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။ | Since thou wast precious in my sight, thou hast been honourable, and I have loved thee: therefore will I give men for thee, and people for thy life. |
| 5 | မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့ မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ | Fear not: for I am with thee: I will bring thy seed from the east, and gather thee from the west; |
| 6 | အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊ | I will say to the north, Give up; and to the south, Keep not back: bring my sons from far, and my daughters from the ends of the earth; |
| 7 | ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။ | Even every one that is called by my name: for I have created him for my glory, I have formed him; yea, I have made him. |
| 8 | မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။ | Bring forth the blind people that have eyes, and the deaf that have ears. |
| 9 | လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည် နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။ | Let all the nations be gathered together, and let the people be assembled: who among them can declare this, and shew us former things? let them bring forth their witnesses, that they may be justified: or let them hear, and say, It is truth. |
| 10 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက် သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ | Ye are my witnesses, saith the Lord, and my servant whom I have chosen: that ye may know and believe me, and understand that I am he: before me there was no God formed, neither shall there be after me. |
| 11 | ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။ | I, even I, am the Lord; and beside me there is no saviour. |
| 12 | ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပြီ။ ငါဘော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရား သခင်မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။ | I have declared, and have saved, and I have shewed, when there was no strange god among you: therefore ye are my witnesses, saith the Lord, that I am God. |
| 13 | နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။ | Yea, before the day was I am he; and there is none that can deliver out of my hand: I will work, and who shall let it? |
| 14 | သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။ | Thus saith the Lord, your redeemer, the Holy One of Israel; For your sake I have sent to Babylon, and have brought down all their nobles, and the Chaldeans, whose cry is in the ships. |
| 15 | ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရ ဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။ | I am the Lord, your Holy One, the creator of Israel, your King. |
| 16 | ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ | Thus saith the Lord, which maketh a way in the sea, and a path in the mighty waters; |
| 17 | ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင် အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ | Which bringeth forth the chariot and horse, the army and the power; they shall lie down together, they shall not rise: they are extinct, they are quenched as tow. |
| 18 | ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတီု့ကို ပမာဏမပြုကြနှင့်။ | Remember ye not the former things, neither consider the things of old. |
| 19 | ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။ | Behold, I will do a new thing; now it shall spring forth; shall ye not know it? I will even make a way in the wilderness, and rivers in the desert. |
| 20 | မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။ | The beast of the field shall honour me, the dragons and the owls: because I give waters in the wilderness, and rivers in the desert, to give drink to my people, my chosen. |
| 21 | ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။ | This people have I formed for myself; they shall shew forth my praise. |
| 22 | သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ | But thou hast not called upon me, O Jacob; but thou hast been weary of me, O Israel. |
| 23 | မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။ | Thou hast not brought me the small cattle of thy burnt offerings; neither hast thou honoured me with thy sacrifices. I have not caused thee to serve with an offering, nor wearied thee with incense. |
| 24 | သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။ | Thou hast bought me no sweet cane with money, neither hast thou filled me with the fat of thy sacrifices: but thou hast made me to serve with thy sins, thou hast wearied me with thine iniquities. |
| 25 | ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။ | I, even I, am he that blotteth out thy transgressions for mine own sake, and will not remember thy sins. |
| 26 | ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။ | Put me in remembrance: let us plead together: declare thou, that thou mayest be justified. |
| 27 | သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။ | Thy first father hath sinned, and thy teachers have transgressed against me. |
| 28 | ထို့ကြောင့်၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ် ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။ | Therefore I have profaned the princes of the sanctuary, and have given Jacob to the curse, and Israel to reproaches. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL