이사야 4장 Judson (1835)
Judson (1835) · 미얀마어 · 이사야 (Isaiah) · 6절
- 1 သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မ တို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။
- 2 ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
- 3 ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊
- 4 ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။
- 5 ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။
- 6 နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗